Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 15:12 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ​ဟု ဟောပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲမှ အချို့​တို့​က သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ခ​ရစ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း​ကို ငါ​တို့​ဟော​ပြော​ကြေ​ညာ လျက်​ရှိ​သည်​ဖြစ်​ရာ အ​ဘယ်​ကြောင့်​သင်​တို့ အ​နက်​အ​ချို့​သော​သူ​တို့​က ``သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ'' ဟု ပြော​ဆို​နေ​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 15:12
7 ပူးပေါင်းရင်းမြစ်များ  

သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။


အကြောင်းမူကား ဇဒ္ဒုကဲ​တို့​သည် ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ၊ ကောင်းကင်​တမန်​နှင့်​ဝိညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ ဖာရိရှဲ​တို့​မူကား ဤ​အရာ​အားလုံး​ရှိ​သည်​ဟု​ခံယူ​ကြ​၏။


သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။


ထို့ကြောင့် ငါ​ဖြစ်စေ၊ ထို​သူ​တို့​ဖြစ်စေ ထိုသို့​ဟောပြော​ကြ​၏။ သင်​တို့​သည်​လည်း ထိုသို့​ယုံကြည်​ကြ​၏။


သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​၍ ကောင်း​သော​စကား​နှင့်​ကောင်း​သော​အမှု​အလုံးစုံ​တို့​၌ သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။


သူ​တို့​သည် သမ္မာတရား​လမ်း​မှ​လွဲချော်​၍ သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည် ဖြစ်ပျက်​ခဲ့​လေ​ပြီ​ဟု​ဆို​လျက် အချို့​သော​သူ​တို့​၏​ယုံကြည်​ခြင်း​ကို ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ