Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 12:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 အားလုံး​သည် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​ရရှိ​သလော။ အားလုံး​သည် အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သလော။ အားလုံး​သည် ၎င်း​၏​အနက်​ကို​ဖွင့်​နိုင်​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 သူ​တို့​အား​လုံး​ပင်​အ​နာ​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​နိုင်​သော​တန်​ခိုး​ကို​ရ​ရှိ​သူ များ​ဖြစ်​ကြ​သ​လော။ သူ​တို့​အား​လုံး​ပင် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ကို​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို​နိုင်​သူ​များ ဖြစ်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 ရှိ​သ​မျှ​တို့​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​နိုင်​သော အ​ခွင့်​ရှိ​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို ပြော​နိုင်​ကြ​သ​လော။ ရှိ​သ​မျှ​တို့​သည် ထို​ဘာ​သာ​စ​ကား၏​အ​နက်​ကို ဖော်​ပြ​နိုင်​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 12:30
5 ပူးပေါင်းရင်းမြစ်များ  

အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။


ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။


အားလုံး​သည် တမန်တော်​ဖြစ်​သလော။ အားလုံး​သည် ပရောဖက်​ဖြစ်​သလော။ အားလုံး​သည် ဆရာ​ဖြစ်​သလော။ အားလုံး​သည် တန်ခိုး​လက္ခဏာ​ပြု​သော​သူ​ဖြစ်​သလော။


ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား ယုံကြည်​ခြင်း​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် အခြား​တစ်​ဦး​အား အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ကို​လည်းကောင်း၊


ထို့ကြောင့် အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အနက်​ဖွင့်​နိုင်​မည့်​အကြောင်း ဆုတောင်း​စေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ