၁ ရာဇဝင်ချုပ် 9:1 - မြန်မာ့စံမီသမ္မာကျမ်1 အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက် စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကို ခံရနှင့်သော ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်မှတ်စာ၌ ပါသတည်း။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။