၁ ရာဇဝင်ချုပ် 7:29 - မြန်မာ့စံမီသမ္မာကျမ်29 မနာရှေသားမြေးတို့ပိုင်သော နယ်စပ်တစ်လျှောက်ရှိ ဗက်ရှန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ စသည်တို့ဖြစ်ကြ၏။ ဤမြို့ရွာတို့တွင် အစ္စရေး၏သား၊ ယောသပ်၏သားမြေးများ နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version29 မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version29 မနာရှေအမျိုးသား နေရာအနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။ အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။