Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 7:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 မနာရှေ​၏​သား​များ​မှာ မယားငယ်​ဆီးရီးယား​သူ​မှ​မွေး​သော အသရေလ​နှင့် ဂိလဒ်​၏​ဖခင် မာခိရ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 မ​နာ​ရှေ​သား​ဦး​ကား အာ​သ​ရေ​လ၊ ထို​နောက်၊ ရှု​ရိ​အ​မျိုး​ဖြစ်​သော မ​ယား​ငယ်​တွင် မြင်​သော​သား၊ ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 7:14
13 ပူးပေါင်းရင်းမြစ်များ  

ဣဇက်​သည် ပါဒန်အာရံ​ပြည်​မှ အာရံ​လူမျိုး​ဗေသွေလ​၏​သမီး​၊ လာဗန်​၏​ညီမ ရေဗက္ကာ​ကို မိမိ​မယား​အဖြစ်​ယူ​သောအခါ အသက်​လေးဆယ်​ရှိ​၏​။


ဧဖရိမ်​၏​သားသမီး​တို့​ကို တတိယ​မျိုးဆက်​အထိ မြင်​ရ​၏​။ မနာရှေ​၏​မြေး​၊ မာခိရ​၏​သားသမီး​တို့​သည်​လည်း ယောသပ်​၏​ဒူး​ပေါ်မှာ မွေးဖွား​ကြ​၏​။


နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှလ္လုံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဗိလဟာ​နှင့်​ရ​သော​သား​များ ဖြစ်​ကြ​၏​။


မာခိရ​သည် ဟုပိမ်​နှင့်​ရှုပိမ်​တို့​၏​နှမ မာခါ​နှင့် စုံဖက်​၏​။ မာခိရ​၏​မြစ်​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၌ သမီး​များ​သာ ရှိ​၏​။


မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ်​များ​ကား မနာရှေ​နှင့်​ဧဖရိမ် တို့​ဖြစ်​ကြ​၏​။


ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍


ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။


အို ဗင်္ယာမိန်​၊ အာမလက်​ပြည်​၌ အခြေချ​နေထိုင်​သော ဧဖရိမ်​အမျိုး​တို့​သည် သင်​၏​လူ​တို့​နှင့်အတူ သင့်​နောက်သို့​လိုက်​ကြ​ပြီ​။ မာခိရ​အမျိုး​ထဲမှ ခေါင်းဆောင်​များ​ဆင်းလာ​ကြ​ပြီ​။ ဇာဗုလုန်​အမျိုး​ထဲမှ စစ်သူကြီး​များ ဆင်းလာ​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ