Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 6:71 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

71 ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

71 ဂေ​ရ​ရှုံ​သား​ချင်း​စု​ထဲ​မှ​အိမ်​ထောင်​စု​တို့​သည် အ​ရှေ့​မ​နာ​ရှေ​နယ်၊ ဗာ​ရှန်​ပြည်​ရှိ၊ ဂေါ​လန်​မြို့၊ အာ​ရှ​တ​ရုတ်​မြို့​နှင့်​ယင်း​တို့​၏​အ​နီး​တစ် ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

71 ဂေ​ရ​ရှုံ​သား​တို့​အား​လည်း၊ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က ဗာ​ရှန်​ပြည် ဂေါ​လန်​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 6:71
9 ပူးပေါင်းရင်းမြစ်များ  

ကြွင်းကျန်​သော​ကောဟတ်​သားမြေး​မှ မျိုးနွယ်စု​တို့​အား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ အာနေရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗိလံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။


ဣသခါ​အမျိုးအနွယ်​ထံမှ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဧဒြိ​အရပ်​၊ အာရှတရုတ်​မြို့​၌​စံမြန်း​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​ကို လုပ်ကြံ​ပြီးနောက်


ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။


ဂိလဒ်​ပြည်​တစ်ဝက်​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​မင်းနေပြည်တော်​မြို့​များ​ဖြစ်​သည့် အာရှတရုတ်​မြို့​နှင့်​ဧဒြိ​မြို့​တို့​ဖြစ်​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် မနာရှေ​၏​သား မာခိရ​၏​သားမြေး​တစ်ဝက်​တို့​ရ​သော​အမွေမြေ​ဖြစ်​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။


လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။)


မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရရှိ​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ရှင်ဘုရင်​နှစ်​ပါး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် အာရှတရုတ်​မြို့​၌​နေ​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၌ ပြု​တော်မူ​ခဲ့​သမျှ​တို့​ကို​လည်းကောင်း ကြားသိ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ