၁ ရာဇဝင်ချုပ် 6:49 - မြန်မာ့စံမီသမ္မာကျမ်49 အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version49 အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version49 အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။