Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 6:44 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

44 သူ​တို့​၏​ညီအစ်ကို​ဖြစ်​သော မေရာရိ​၏​သားမြေး ဧသန်​သည် ဟေမန်​၏​လက်ဝဲ​ဘက်​တွင် နေရာယူ​ရ​၏​။ ဧသန်​သည် ကိရှိ​၏​သား​၊ ကိရှိ​သည် အာဗဒိ​၏​သား​၊ အာဗဒိ​သည် မလ္လုတ်​၏​သား​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

44-47 မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

44-47 လေ​ဝိ၊ မေ​ရာ​ရိ၊ မု​ရှိ၊ မ​ဟာ​လိ၊ ရှ​မေ​ရ၊ ဗာ​နိ၊ အံ​ဇိ၊ ဟိ​လ​ခိ၊ အာ​မ​ဇိ၊ ဟာ​ရှ​ဗိ၊ မ​လ္လုတ်၊ အာ​ဖ​ဒိ၊ ကိ​ရှိ​တို့​မှ​ဆင်း​သက်​သော ဧ​သန်​တစ်​ပါး​မှ​စ၍ လက်​ဝဲ​ဘက်​မှာ​နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော်၊ မေ​ရာ​ရိ​အ​မျိုး​သား​များ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 6:44
7 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် လေဝိ​အမျိုး​တို့​လည်း ယောလ​၏​သား​ဟေမန်​နှင့် သူ​၏​ဆွေမျိုးသားချင်း​များ​ထဲမှ ဗေရခိ​၏​သား​အာသပ်​၊ မေရာရိ​၏​သားမြေး​များ​ထဲမှ သူ​တို့​၏​ဆွေမျိုးသားချင်း ကုရှာယ​၏​သား​ဧသန်​၊


ဒါဝိဒ်​မင်းကြီး​နှင့် မင်းမှုထမ်း​အကြီးအကဲ​တို့​သည် အမှု​တော်​မြတ်​အတွက် စောင်းကောက်​၊ စောင်းပြား​၊ လင်းကွင်း တို့​ကို​တီးခတ်​၍ ပရောဖက်ပြု​နိုင်​ရန် အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​တို့​၏​သား​များ​ထဲမှ​အချို့​ကို သီးသန့်​ခွဲထား​၏​။ ဤသို့​အမှု​တော်​ထမ်း​ရန် ခွဲထား​သူ​တို့​၏​အမည်​စာရင်း​မှာ


ယေဒုသုန်​သားမြေး​တွင် ယေဒုသုန်​၏​သား ဂေဒလိ​၊ ဇေရိ​၊ ယေရှာယ​၊ ရှိမိ​၊ ဟာရှဘိ​၊ မတ္တိသိ ပေါင်း​ခြောက်​ယောက်​တို့​သည် ဖခင်​ယေဒုသုန်​၏​လက်​အောက်​တွင်​နေ​ရ​ကြ​၏​။ သူ​တို့​၏​ဖခင်​သည် စောင်း​တီး​၍ ထာဝရဘုရား​ကို ကျေးဇူးတင်​ချီးမွမ်း​ကာ ပရောဖက်ပြု​သော​သူ​ဖြစ်​၏​။


ဤ​သူ​အားလုံး​တို့​သည် ဖခင်​လက်​အောက်​တွင်​နေ​၍ ထာဝရဘုရား​၏​အိမ်​တော်​၌ လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ဖြင့် သီဆိုတီးမှုတ်​ရ​သော​သူ​များ​ဖြစ်​၏​။ အာသပ်​၊ ယေဒုသုန်​၊ ဟေမန်​တို့​သည် ရှင်ဘုရင်​၏​လက်​အောက်​တွင် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​ထမ်းဆောင်​ရ​၏​။


ရှိမိ​သည် ယာဟတ်​၏​သား​၊ ယာဟတ်​သည် ဂေရရှုံ​၏​သား​၊ ဂေရရှုံ​သည် လေဝိ​၏​သား​ဖြစ်​၏​။


မလ္လုတ်​သည် ဟာရှဘိ​၏​သား​၊ ဟာရှဘိ​သည် အာမဇိ​၏​သား​၊ အာမဇိ​သည် ဟိလခိ​၏​သား​၊


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အစဉ်အမြဲ​သီကျူး​ပါ​မည်​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​သစ္စာ​တော်​ကို မျိုးဆက်​အစဉ်အဆက်​အား သိ​စေ​ပါ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ