Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 6:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဧလာဇာ​သည် သား​ဖိနဟတ်​ကို​ရ​၏​။ ဖိနဟတ်​သည် သား​အဘိရွှ​ကို​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4-7 အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ဧ​လ​ဇာ​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​လ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4-7 ဧ​လာ​ဇာ​သား​ကား ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​သား အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​သား ဗု​က္ကိ၊ ဗု​က္ကိ​သား​ဩ​ဇိ၊ ဩ​ဇိ​သား ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ​သား မေ​ရာ​ယုတ်၊ မေ​ရာ​ယုတ်​သား အာ​မ​ရိ၊ အာ​မ​ရိ​သား အ​ဟိ​တုပ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 6:4
21 ပူးပေါင်းရင်းမြစ်များ  

အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား အဟိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊


မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ​၊ မဟာလိ​၏​သား​များ​မှာ ဧလာဇာ​နှင့်​ကိရှ တို့​ဖြစ်​ကြ​၏​။


မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ယာဇိ​၏​သား​မှာ ဗေနော ဖြစ်​၏​။


အာမရံ​၏​သားသမီး​များ​မှာ အာရုန်​၊ မောရှေ​၊ မိရိအံ တို့​ဖြစ်​ကြ​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။


အာရုန်​၏​သားမြေး​များ​ကား အာရုန်​၏​သား​မှာ ဧလာဇာ​၊ ဧလာဇာ​၏​သား​မှာ ဖိနဟတ်​၊ ဖိနဟတ်​၏​သား​မှာ အဘိရွှ​၊


ယခင်က သူ​တို့​၏​ခေါင်းဆောင်​မှာ ဧလာဇာ​၏​သား ဖိနဟတ် ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ပါရှိ​ခဲ့​၏​။


ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် အစ္စရေး​လူမျိုး လေဝိ​အနွယ်ဝင် မဟာလိ​သားမြေး​မှ ကျမ်းတတ်ဆရာ ရှေရဘိ​နှင့်အတူ သူ​၏​သား​များ​နှင့် သူ​၏​ဆွေမျိုးသားချင်း စုစုပေါင်း​တစ်ဆယ့်ရှစ်​ယောက်​၊


ဖိနဟတ်​သားမြေး​မှ ဂေရရှုံ​၊ ဣသမာ​သားမြေး​မှ ဒံယေလ​၊ ဒါဝိဒ်​သားမြေး​မှ ဟတ္တုတ်​၊


အာရုန်​၏​သား ဧလာဇာ​သည် ပုတျေလ​၏​သမီး​တစ်​ယောက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် ဖိနဟတ်​ကို မွေးဖွား​ပေး​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် လေဝိ​ဘိုးဘေး​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။


ထာဝရ​ယဇ်ပုရောဟိတ်​အရိုက်အရာ​ဆိုင်ရာ​ပဋိညာဉ်​သည် သူ​မှစ၍ နောင်လာမည့် သူ​၏​သားစဉ်မြေးဆက်​အတွက်​ဖြစ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​၏​ဘုရားသခင်​အစား သဝန်တို​၍ အစ္စရေး​အမျိုးသား​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သောကြောင့် ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


မောရှေ​သည် အမျိုးအနွယ်​တစ်​နွယ်​လျှင် အယောက်​တစ်ထောင်စီ​ကို စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။ သူ​တို့​နှင့်အတူ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​ကို​လည်း သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​များ​နှင့် အချက်ပေး​တံပိုးခရာ​များ​ပါ​လျက် စစ်ပွဲ​သို့ စေလွှတ်​လေ​၏​။


ယောရှု​သည် ယေဖုန္နာ​၏​သား ကာလက်​ကို ကောင်းချီးပေး​၍ ဟေဗြုန်​မြို့​ကို​လည်း အမွေမြေ​အဖြစ် ပေး​လေ​၏​။


ယခု ဟေဗြုန် ဟု​ခေါ်​သော​မြို့​သည် ယခင်က ကိရယအာဘ​မြို့​ဟု​ခေါ်​၏​။ အာဘ​သည် အာနက​လူမျိုး​တို့​တွင် အကြီးအကဲ​ဖြစ်​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ရှိ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ထံသို့ ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​နှင့်တကွ


အာရုန်​၏​သား​ဧလာဇာ​လည်း သေဆုံး​သဖြင့် ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် သူ့​သား​ဖိနဟတ်​အမွေမြေ​ရ​ထား​သည့် ဖိနဟတ်​တောင်ကုန်း​၌ သင်္ဂြိုဟ်​လေ​၏​။


အာရုန်​၏​မြေး​၊ ဧလာဇာ​၏​သား ဖိနဟတ်​က အမှု​တော်​ဆောင်​လျက်​ရှိ​၏​။) သူ​တို့​က “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ဗင်္ယာမိန်​အမျိုးသား​တို့​ကို နောက်တစ်ဖန် သွားတိုက်​ရ​မည်လော​၊ မတိုက်​ဘဲ နေ​ရ​မည်လော​”​ဟု ဆို​လေ​ရာ ထာဝရဘုရား​က​လည်း “​သွား​လော့​။ မနက်ဖြန် သူ​တို့​ကို သင်​တို့​လက်​သို့ အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ