Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 6:39 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 ဟေမန်​၏​လက်ယာ​ဘက်​တွင် သူ​၏​ညီအစ်ကိုချင်း​ဖြစ်​သော အာသပ်​သည် နေရာယူ​ရ​၏​။ အာသပ်​သည် ဗေရခိ​၏​သား​၊ ဗေရခိ​သည် ရှိမာ​၏​သား​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

39-43 ဒု​တိ​ယ​သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​မှာ အာ​သပ်​ဖြစ်​၏။ အာ​သပ်​၏​အ​ဖ​သည်​ဗေ​ရ​ခိ၊ ဗေ​ရ​ခိ​၏​အ​ဖ​မှာ​ရှိ​မာ၊ ရှိ​မာ​၏​အ​ဖ​ကား မိက္ခေ​လ​ဖြစ်​၏။ မိက္ခေ​လ​၏​အ​ဖ​သည်​ဗာ​သေ ယ၊ ဗာ​သေ​ယ​၏​အ​ဖ​မှာ​မာ​လ​ခိ၊ မာ​လ​ခိ ၏​အ​ဖ​ကား​ဧ​သ​နိ​ဖြစ်​၏။ ဧ​သ​နိ​၏ အ​ဖ​သည်​ဇေ​ရ၊ ဇေ​ရ​၏​အ​ဖ​မှာ​အ​ဒါ​ယ၊ အ​ဒါ​ယ​၏​အ​ဖ​ကား​ဧ​သန်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ဇိမ္မ၊ ဇိမ္မ​၏​အ​ဖ​မှာ​ရှိ​မိ၊ ရှိ​မိ ၏​အ​ဖ​သည်​ယာ​ဟတ်​ဖြစ်​၏။ ယာ​ဟတ်​၏ အ​ဖ​သည်​ဂေ​ရ​ရှုံ၊ ဂေ​ရ​ရှုံ​၏​အ​ဖ​ကား လေ​ဝိ​ဖြစ်​၏။ ဤ​သို့​လျှင်​အာ​သပ်​၏​ဘိုး ဘေး​စာ​ရင်း​သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

39-43 လေ​ဝိ၊ ဂေ​ရ​ရှုံ၊ ယာ​ဟတ်၊ ရှိ​မိ၊ ဇိ​မ္မ၊ ဧ​သန်၊ အ​ဒါ​ယ၊ ဇေ​ရ၊ ဧ​သ​နိ၊ မာ​လ​ခိ၊ ဗာ​သေ​ယ၊ မိ​က္ခေ​လ၊ ရှိ​မာ၊ ဗေ​ရ​ခိ​တို့​မှ ဆင်း​သက်​သော အာ​သပ်၊ ဟေ​မန် လက်​ယာ​ဘက်​မှာ နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော် အာ​သပ်​တစ်​ပါး၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 6:39
33 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် အာသပ်​နှင့်​သူ​၏​ဆွေမျိုးသားချင်း​တို့​အား ထာဝရဘုရား​ထံ​ချီးမွမ်းသီချင်း​ကို​သီဆို​ရန် အဦးဆုံး​အကြိမ် တာဝန်ပေးအပ်​၏​။


ဒါဝိဒ်​မင်းကြီး​နှင့် မင်းမှုထမ်း​အကြီးအကဲ​တို့​သည် အမှု​တော်​မြတ်​အတွက် စောင်းကောက်​၊ စောင်းပြား​၊ လင်းကွင်း တို့​ကို​တီးခတ်​၍ ပရောဖက်ပြု​နိုင်​ရန် အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​တို့​၏​သား​များ​ထဲမှ​အချို့​ကို သီးသန့်​ခွဲထား​၏​။ ဤသို့​အမှု​တော်​ထမ်း​ရန် ခွဲထား​သူ​တို့​၏​အမည်​စာရင်း​မှာ


အာသပ်​သားမြေး​တွင် ဇက္ကုရ​၊ ယောသပ်​၊ နေသနိ​၊ အာရှရေလ တို့​ဖြစ်​ကြ​၏​။ အာသပ်​၏​သား​တို့​သည် ရှင်ဘုရင်​ညွှန်ကြား​သည့်​အတိုင်း ပရောဖက်ပြု​သော​အာသပ်​၏​လက်​အောက်​တွင် နေ​ရ​ကြ​၏​။


တံခါးစောင့်​အဖွဲ့​များ​တွင် ကောရ​အမျိုး​ထဲမှ အာသပ်​၏​မြေး​၊ ကောရေ​၏​သား မေရှလေမိ​၊


ကောရ​သည် ဣဇဟာ​၏​သား​၊ ဣဇဟာ​သည် ကောဟတ်​၏​သား​၊ ကောဟတ်​သည် လေဝိ​၏​သား​၊ လေဝိ​သည် အစ္စရေး​၏​သား ဖြစ်​၏​။


ရှိမာ​သည် မိက္ခေလ​၏​သား​၊ မိက္ခေလ​သည် ဗာသေယ​၏​သား​၊ ဗာသေယ​သည် မာလခိယ​၏​သား​၊


ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍


ဧလိဇာဖန်​သားမြေး​တို့​မှ ရှိမရိ​နှင့်​ယေယေလ​၊ အာသပ်​သားမြေး​မှ ဇာခရိ​နှင့်​မတ္တနိ​၊


ထို့နောက် ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့​က လေဝိ​အမျိုး​တို့​အား ဒါဝိဒ်​မင်းကြီး​နှင့် ဗျာဒိတ်ရသူ​အာသပ်​တို့​ရေးဖွဲ့​ခဲ့​သော​သီချင်း​ဖြင့် ထာဝရဘုရား​ကို​ချီးမွမ်းသီဆို​ရန်​ပြော​သောအခါ သူ​တို့​သည် ဝမ်းမြောက်​စွာ​ချီးမွမ်း​လျက် ဦးညွှတ်​ပျပ်ဝပ်​ကြ​လေ​၏​။


အာသပ်​သားမြေး​သီချင်းသည်​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် အာသပ်​၊ ဟေမန်​၊ ရှင်ဘုရင်​၏​ဗျာဒိတ်ဆရာ​ယေဒုသုန်​တို့ စီစဉ်ညွှန်ကြား​ထား​ခဲ့​သည့်​အတိုင်း ကိုယ့်​နေရာ​တွင် ရပ်​နေ​ကြ​၏​။ တံခါးစောင့်​တို့​သည်​လည်း မိမိ​တို့ တံခါးတိုင်​တွင် ရပ်​နေ​ကြ​ရ​၏​။ သူ​တို့​၏​ညီအစ်ကိုချင်း​ဖြစ်​သော​လေဝိ​အမျိုး​တို့​သည် သူ​တို့​အဖို့​ကို​လည်း ပြင်ဆင်​ပေး​သောကြောင့် မိမိ​တို့​တာဝန်ကျ​သော​နေရာ​မှ ထွက်သွား​စရာ​မ​လို​ပေ​။


အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​နှင့် သူ​တို့​၏​သားမြေး​များ​၊ ညီအစ်ကို​များ​ပါဝင်​သော လေဝိ​အမျိုး​သီချင်းသည်​အပေါင်း​တို့​သည် ပိတ်ချောထည်​ကို ဝတ်ဆင်​လျက် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ကိုင်ဆောင်​လျက် ယဇ်ပလ္လင်​အရှေ့ဘက်​တွင် ရပ်​နေ​ကြ​၏​။ တံပိုးခရာမှုတ်​ရ​သော​ယဇ်ပုရောဟိတ် အပါး​တစ်ရာ့​နှစ်ဆယ်​တို့​လည်း သူ​တို့​နှင့်အတူ ရပ်​နေ​ကြ​၏​။


သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊


ထာဝရဘုရား​၏​ဗိမာန်တော်​တည်ဆောက်​သော​သူ​တို့​သည် အုတ်မြစ်​ကို​ချ​သောအခါ ဝတ်စုံ​ဝတ်ဆင်​ထား​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​ကို​ကိုင်​လျက်​၊ အာသပ်​၏​သား​လေဝိ​အမျိုး​တို့​သည်​လည်း လင်းကွင်း​များ​ကို​ကိုင်​လျက် အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​လက်ထက်​က​အတိုင်း​နေရာယူ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​သည်​မှာ


အာသပ်​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ မိက္ခာ​၏​သား​ဖြစ်​သည့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​၊ ဆုတောင်း​ခြင်း​တို့​၌ ပထမ​ခေါင်းဆောင် မတ္တနိ​နှင့် ညီအစ်ကို​များ​တွင် လက်ထောက်​ဖြစ်​သည့် ဗာကဗုကိ​အပါအဝင် ယေဒုသုန်​၏​သား ဂလာလ​၊ ဂလာလ​၏​သား ရှမွာ​၊ ရှမွာ​၏​သား အာဗဒ​နှင့်


ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို​စီမံ​ရ​သော သီချင်းသည်​များ​ဖြစ်​သည့် အာသပ်​သားမြေး​မှ​ဆင်းသက်​သော မိက္ခာ​၏​တီ​၊ မတ္တနိ​၏​မြစ်​၊ ဟာရှဘိ​၏​မြေး​၊ ဗာနိ​၏​သား ဩဇိ​သည် ဂျေရုဆလင်​မြို့​ရှိ လေဝိ​အမျိုး​ကို အုပ်ချုပ်​၏​။


သူ​တို့​နောက်​တွင် ယဇ်ပုရောဟိတ်​သားမြေး​အချို့​သည် တံပိုးခရာ​မှုတ်​၍​လိုက်​ကြ​၏​။ ထို​သူ​တို့​မှာ အာသပ်​၏​သား ဇက္ကုရ​၊ ဇက္ကုရ​၏​သား မိက္ခာယ​၊ မိက္ခာယ​၏​သား မတ္တနိ​၊ မတ္တနိ​၏​သား ရှေမာယ​၊ ရှေမာယ​၏​သား ယောနသန်​၊ ယောနသန်​၏​သား ဇာခရိ​နှင့်


အကြောင်းမူကား ရှေးယခင် ဒါဝိဒ်​မင်းကြီး​နှင့်​အာသပ်​မင်းကြီး​လက်ထက်​ကပင် ဘုရားသခင်​ထံ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​သီချင်း​သီဆို​သော သီချင်းသည်​များ​ကို ဦးဆောင်​ပေး​သော​သူ​များ​ရှိ​ခဲ့​၏​။


သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​လေးဆယ့်​ရှစ်​ယောက်​၊


ဘုန်းတန်ခိုးရှင်​ဘုရားသခင် ထာဝရဘုရား​သည် အမိန့်​တော်​ရှိ​၍ နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ကမ္ဘာမြေ​ကို​ဆင့်ခေါ်​တော်မူ​၏​။


အကယ်စင်စစ် ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အပေါ်​၊ စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို အဘယ်ကြောင့် အစဉ်​ငြင်းပယ်​တော်မူ​သနည်း​။ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော်​၏​စားကျက်​မှ​သိုးစု​အပေါ် အဘယ်ကြောင့်​တငွေ့ငွေ့​လောင်​တော်မူ​သနည်း​။


အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​သည် နီး​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​ပါ​၏​။ လူ​တို့​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါ​၏​။


ယုဒ​ပြည်​၌ ဘုရားသခင်​ကို​သိ​ကြ​၏​။ အစ္စရေး​ပြည်​၌ ကိုယ်တော်​၏​နာမ​တော်​သည် ကြီးမြတ်​တော်မူ​၏​။


ငါ​သည် ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​၍ အော်ဟစ်​တောင်းလျှောက်​၏​။ ဘုရားသခင်​ထံသို့ အသံ​ကို​လွှင့်​သောအခါ ကိုယ်တော်​သည် ငါ့​ကို စူးစိုက်​နားထောင်​တော်မူ​၏​။


အို ငါ​၏​လူမျိုး​တော်​၊ ငါ​၏​တရား​ကို စူးစိုက်​နားထောင်​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို နားစွင့်​ကြ​လော့​။


အို ဘုရားသခင်​၊ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​အမွေ​တော်​ထဲသို့ ဝင်ရောက်​လာ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ကို ညစ်ညူး​စေ​ကြ​ပါ​ပြီ​။ ဂျေရုဆလင်​မြို့​ကို​လည်း အပြိုအပျက်ပုံ​ဖြစ်​စေ​ကြ​ပါ​ပြီ​။


အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ်​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


ငါ​တို့​၏​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။


ဘုရားသခင်​သည် ဘုရား​အစုအဝေး​၌ နေရာယူ​တော်မူ​၏​။ ဘုရား​များ​၏​အလယ်​တွင် တရားစီရင်​တော်မူ​၏​။


အို ဘုရားသခင်​၊ နှုတ်ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားသခင်​၊ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ ငြိမ်သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။


မဲချ​ရာ​တွင် ကောဟတ်​အမျိုး​တို့ မျိုးနွယ်စု​အလိုက် မဲကျ​၏​။ လေဝိ​အမျိုးအနွယ်​၊ ယဇ်ပုရောဟိတ်​အာရုန်​၏ သားမြေး​တို့​သည် ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရရှိ​၏​။


ယုဒ​အမျိုးအနွယ်​နှင့် ရှိမောင်​အမျိုးအနွယ်​တို့​ရ​သော​အမွေမြေ​ထဲမှ မြို့​များ​ကို​အမည်​နှင့်တကွ မဲချ​ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ