Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 5:23 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 မနာရှေ​အမျိုး​တစ်ဝက်​တို့​သည် လူဦးရေ​များပြား​သဖြင့် ဗာလဟေရမုန်​အရပ်​၊ စနိရ​တောင်​မှ ဟေရမုန်​တောင်​အထိ ဗာရှန်​ပြည်​တစ်လျှောက်လုံး​တွင် နေထိုင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​တို့​သည်​ဗာ​ရှန် ပြည်​တွင်​မြောက်​သို့​လား​သော်​ဗာ​လ​ဟေ​ရ မုန်​မြို့၊ စ​နိ​ရ​မြို့​နှင့်​ဟေ​ရ​မုန်​တောင်​ပိုင်း တိုင်​အောင်​ပြန့်​နှံ့​လျက်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​လေ​သည်။ သူ​တို့​၏​လူ​ဦး​ရေ​သည် လည်း​များ​စွာ​တိုး​တက်​၍​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

23 မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည်၊ ထို​ပြည်​တွင် ဗာ​ရှန်​မြို့​မှ​စ၍ ဗာ​လ​ဟေ​ရ​မုန်​မြို့၊ စ​နိ​ရ​မြို့၊ ဟေ​ရ​မုန်​တောင်​တိုင်​အောင် ပွား​များ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 5:23
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင်​များ​မှာ ဧဖေရ​၊ ဣရှိ​၊ ဧလျေလ​၊ အာဇရေလ​၊ ယေရမိ​၊ ဟောဒဝိ​၊ ယာဒျေလ တို့​ဖြစ်​ပြီး သူ​တို့​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ​၊ နာမည်​ကျော်ကြား​သူ​များ​၊ အိမ်ထောင်စု​ခေါင်းဆောင်​များ ဖြစ်​ကြ​၏​။


ဇိအုန်​တောင်​များ​ပေါ်သို့​ကျ​သည့် ဟေရမုန်​တောင်​၏​နှင်းစက်​ကဲ့သို့​လည်း​ဖြစ်​၏​။ အကြောင်းမူကား ထိုသို့​နေထိုင်​ကြ​သော​အရပ်​၌ အစဉ်အမြဲ​အသက်ရှင်​ခြင်း​တည်းဟူသော ကောင်းချီးမင်္ဂလာ​ကို ထာဝရဘုရား​အပ်နှင်း​တော်မူ​၏​။


အို ငါ့​သတို့သမီး​၊ လက်ဘနွန်​တောင်​မှ ငါ​နှင့်​လိုက်​ခဲ့​ပါ​။ လက်ဘနွန်​တောင်​မှ ငါ​ခေါ်​ရာ​သို့​လိုက်​ခဲ့​ပါ​။ အာမန​တောင်ထိပ်​၊ စနိရ​တောင်ထိပ်​တို့​မှစ၍ ဟေရမုန်​တောင်​၊ ခြင်္သေ့​တွင်း​၊ ကျားသစ်​တို့​ကျက်စား​ရာ​တောင်​တို့​မှ ဆင်းလာ​ခဲ့​ပါ​။


သင်္ဘောပျဉ်ပြား​ကို စနိရ​တောင်​ပေါ်မှ​လာ​သော​ထင်းရှူးသား​များ​နှင့် လုပ်​ထား​၏​။ ရွက်တိုင်​ကို လက်ဘနွန်​တောင်​မှ​လာ​သော​သစ်ကတိုးသား​များ​နှင့် လုပ်​ထား​၏​။


မျိုးနွယ်စု​အလိုက် ယောသပ်​၏​အမျိုးအနွယ်​များ​ကား မနာရှေ​နှင့်​ဧဖရိမ် တို့​ဖြစ်​ကြ​၏​။


သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုး​တကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​ဖြစ်​၏​။


ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ