၁ ရာဇဝင်ချုပ် 5:2 - မြန်မာ့စံမီသမ္မာကျမ်2 ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ယုဒသည်လည်း ညီအစ်ကိုတို့တွင်လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကိုမရ၊ ယောသပ်ရ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ခမည်းတော်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ခမည်းတော်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ခမည်းတော်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။