Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 5:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဤ​သူ​အပေါင်း​တို့​သည် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​လက်ထက်​နှင့် အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​လက်ထက်​တွင် မျိုးရိုးစဉ်ဆက်​စာရင်းဝင်သူ​များ ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 (ဤ​စာ​ရင်း​မှတ်​တမ်း​များ​မှာ​ယု​ဒ​ဘု​ရင် ယော​သံ​မင်း​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော ဗောင်​မင်း​တို့​၏​လက်​ထက်​၌​ပြု​စု​ရေး​သား သော​မှတ်​တမ်း​များ​ဖြစ်​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ဤ​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​လက်​ထက် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 5:17
7 ပူးပေါင်းရင်းမြစ်များ  

ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။


ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ပြည်​အပိုင် ဒမတ်စကပ်​မြို့​နှင့် ဟာမတ်​မြို့​တို့​ကို အစ္စရေး​လူမျိုး​အဖို့ ပြန်လည်​တိုက်ခိုက်သိမ်းယူ​ပေး​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး နန်းစံ​နှစ်​နှစ်​တွင် ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ နန်းတက်​၏​။


ထာဝရဘုရား​သည် အာဇရိ​မင်းကြီး​ကို ဒဏ်ခတ်​တော်မူ​သဖြင့် သူ​သည် အနိစ္စရောက်​သည်​အထိ အနာကြီးရောဂါ​စွဲကပ်​ပြီး သီးခြား​နန်းဆောင်​တွင် စံမြန်း​ရ​၏​။ သား​တော်​ယောသံ​သည် နန်းတွင်း​ကို​အုပ်စိုး​၍ တိုင်းသူပြည်သား​လူ​အပေါင်း​တို့​ကို စီရင်အုပ်ချုပ်​ရ​လေ​၏​။


မျိုးနွယ်စု​အရ သားစဉ်မြေးဆက်​စာရင်းဝင်​သော ဗေရာ​၏​ညီအစ်ကို​များ​မှာ မျိုးနွယ်စု​အကြီးအမှူး​ယေယေလ​၊ ဇာခရိ​၊


ယောသံ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်ခြောက်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာဒုတ်​၏​သမီး ယေရုရှာ​အမည်​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ