Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 29:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 အိမ်​တော်​နံရံ​ကို​မွမ်းမံ​ဖို့ ဩဖိရ​ရွှေ တာလန်​သုံး​ထောင်​၊ ငွေစင် တာလန်​ခုနစ်​ထောင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 ထို​သန့်​ရှင်း​သော​အိမ်​အ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​မှ​တစ်​ပါး ကိုယ်​ဥ​စ္စာ​ထဲ​က ဩ​ဖိ​ရ​ရွှေ​အ​ခွက် သုံး​သောင်း​နှင့် ကျောက်​ထ​ရံ​တို့​ကို မွမ်း​မံ​စ​ရာ​ဖို့ ငွေ​စင်​ခု​နစ်​သောင်း​ကို ငါ၏​ဘု​ရား​သ​ခင်​အိမ်​တော်​အ​ဖို့ ငါ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 29:4
7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ဩဖိရ​မြို့​သို့​ရွက်လွှင့်​သွား​ပြီး ရွှေ​တာလန်​လေး​ရာ့​နှစ်ဆယ်​ယူဆောင်​လာ​၍ ရှောလမုန်​မင်းကြီး​ကို​ဆက်သ​ကြ​၏​။


ဩဖိရ​၊ ဟဝိလ​နှင့် ယောဗပ် တို့​ကို​ရ​၏​။ သူ​တို့​သည် ယုတ္တန်​၏​သား​များ ဖြစ်​ကြ​၏​။


ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ရွှေ​တာလန်​တစ်သိန်း​၊ ငွေ​တာလန်​တစ်သန်း​၊ မ​ချိန်တွယ်​နိုင်​လောက်အောင် များပြား​လှ​သော​ကြေးနီ​၊ သံ​၊ သစ်​၊ ကျောက်​များ​ကို အပင်ပန်းခံ​ပြီး ငါ​ပြင်ဆင်​ပေး​ခဲ့​ပြီ​။ သင်​သည်​လည်း ထပ်ဖြည့်​နိုင်​၏​။


ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။


လက်မှုပညာသည်​များ အလုပ်​လုပ်​ဖို့​လိုအပ်​သမျှ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ များ​ကို​လည်း လှူ​၏​။ ယခု ထာဝရဘုရား​အဖို့ မည်သူ​က ကိုယ့်ကိုယ်ကို ဆက်ကပ်​ပေးလှူ​လို​သနည်း​”​ဟု မိန့်​တော်မူ​လျှင်


ဩဖိရ​ရွှေ​၊ အဖိုးတန်​မဟူရာကြောင်ဝင်​၊ နီလာ​တို့​နှင့်​လည်း တန်ဖိုး​မ​ဖြတ်​နိုင်​။


ငွေ​လင်ပန်း​တစ်​ခု​၏​အလေးချိန်​မှာ တစ်ရာ့​သုံးဆယ်​ရှယ်ကယ်​၊ ငွေ​ဇလုံ​တစ်​ခု​၏​အလေးချိန်​မှာ ခုနစ်ဆယ်​ရှယ်ကယ် ရှိ​၏​။ ထို​တန်ဆာပလာ​တို့​၏​အလေးချိန်​ပေါင်း​ကား သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ ရှယ်ကယ်​နှစ်ထောင့်​လေး​ရာ​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ