Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 29:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထို့ကြောင့် ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ​၊ ကြေး​ထည်​အတွက် ကြေး​၊ သံ​ထည်​အတွက် သံ​၊ ပျဉ်ပြား​များ​အတွက် သစ်သား​၊ မဟူရာကြောင်ဝင်​ကျောက်​များ​၊ စီချယ်စရာ​ကျောက်​များ​၊ စိမ်းပြာရောင်​ကျောက်​များ​၊ ရောင်စုံ​ကျောက်​များ​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​နှင့် ကျောက်ဖြူ​အမြောက်အမြား​တို့​ကို ငါ​တတ်စွမ်း​နိုင်​သမျှ ပြင်ဆင်​ထား​ပေး​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ရွှေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ကြေး​ဝါ​ကို​လည်း​ကောင်း၊ သံ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သံ​ကို​လည်း​ကောင်း၊ သစ်​သား​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သစ်​သား​ကို​လည်း​ကောင်း၊ ရှ​ဟံ​ကျောက်​နှင့် အ​ရောင်​မျိုး​ထွက်၍ စီ​စ​ရာ​ဖို့ ကောင်း​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်​မျိုး၊ များ​စွာ​သော ကျောက်​ဖြူ​တို့​ကို​လည်း​ကောင်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ငါ​ပြင်​ဆင်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 29:2
22 ပူးပေါင်းရင်းမြစ်များ  

ထို​ပြည်​မှ​ထွက်​သော​ရွှေ​သည် ကောင်း​လှ​၏​။ ပယင်း​နှင့်​မဟူရာကြောင်ဝင်​ကျောက်​တို့​လည်း ထွက်​၏​။


အကျွန်ုပ်​၏​သား​တော်​ရှောလမုန်​အား​လည်း ကိုယ်တော်​၏​ပညတ်တော်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​နိုင်​ရန်​နှင့် ဗိမာန်တော်​ဆောက်လုပ်​ဖို့ အကျွန်ုပ်​ပြင်ဆင်​ထား​ခဲ့​သည့်​အရာ​အားလုံး​ကို လုပ်ဆောင်​နိုင်​ရန်​အတွက် စုံလင်​သော​စိတ်နှလုံး​ကို ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​လေ​၏​။


ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။


အိမ်​တော်​လှပတင့်တယ်​အောင် အဖိုးတန်​ကျောက်​များ​၊ ပါရဝိမ်​ပြည်​မှ​ရွှေ​များ​ဖြင့် မွမ်းမံ​ထား​၏​။


ငွေ​ထွက်​သော​မိုင်းတွင်း ရှိ​၏​။ ရွှေ​ကို သန့်စင်​သော​နေရာ​လည်း ရှိ​၏​။


ဩဖိရ​ရွှေ​၊ အဖိုးတန်​မဟူရာကြောင်ဝင်​၊ နီလာ​တို့​နှင့်​လည်း တန်ဖိုး​မ​ဖြတ်​နိုင်​။


ရင်ခံပြား​ပေါ်၌ ကျောက်​ကို လေး​တန်း​စီ​၍ တပ်​ရ​မည်​။ ပထမ​အတန်း​ကား ပတ္တမြား​၊ ဥဿဖရား​၊ ဂေါ်မုတ်နီ ဖြစ်​ရ​မည်​။


စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​ရ​မည်​။ ၎င်း​တို့​ကို ခြယ်လှယ်​ထား​သော​ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​ရ​မည်​။


သင်​သည် မဟူရာကြောင်ဝင်​ကျောက်​နှစ်​လုံး​ကို​လည်း​ယူ​၍ ထို​ကျောက်​နှစ်​လုံး​ပေါ်၌ အစ္စရေး​၏​သား​တို့​၏​အမည်​များ​ကို ကမ္ပည်းထိုး​ရ​မည်​။


စတုတ္ထ​အတန်း​ကား ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့ ဖြစ်​၏​။ ၎င်း​တို့​ကို ရွှေ​ကျောက်မျက်အိုး​ထဲ၌ ထားရှိ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း မဟူရာကြောင်ဝင်​ကျောက်​ကို​သွေး​၍ ကမ္ပည်း​တံဆိပ်​အဖြစ် အစ္စရေး​၏​သား​တစ်ဆယ့်နှစ်​ယောက်​တို့​၏​အမည်​ကို ကမ္ပည်းထိုး​ပြီး ရွှေ​ကျောက်မျက်အိုး​၌ ထည့်​ထား​၏​။


သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။


ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယား​ပြည်​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သွား​သဖြင့် လူ​တို့​သည် ရောဂါ​အမျိုးမျိုး​စွဲကပ်​၍ ဝေဒနာ​ခံစား​နေ​ရ​သူ​များ၊ နတ်ဆိုး​ပူး​သူ​များ၊ ဝက်ရူးပြန်​ရောဂါ​စွဲ​သော​သူ​များ​နှင့် လေဖြတ်​သော​သူ​များ စသည့်​နာမကျန်း​ဖြစ်​သူ​အပေါင်း​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။


ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက်


သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ