Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 28:18 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အတွက် ရွှေ​စင်​အလေးချိန်​အလိုက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို အုပ်မိုး​ထား​သော​၊ အတောင်ပံ​ဖြန့်​ထား​သည့် ခေရုဗိမ်​ရထား​ပုံစံ​အတွက်​ရွှေ​အလေးချိန်​အလိုက် ပေးအပ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​အ​တွက် နှင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို အ​တောင်​ဖြင့်​လွှမ်း​မိုး​ထား​သော ခေ​ရု​ဗိမ်​များ​က​သည့်​ရ​ထား​အ​တွက် ရွှေ​စင်​မည်​မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန် ကြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ အ​တောင်​တို့​ကို​ဖြန့်၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်​ရ​ထား​တော်​ပုံ​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း ချိန်၍​အပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 28:18
13 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အတွက် အသုံးအဆောင်​ပစ္စည်း​အလုံးစုံ​ကို သွန်းလုပ်​၏​။ ရွှေ​ယဇ်ပလ္လင်​၊ ရှေ့​တော်​မုန့်​တင်​ရန်​ရွှေ​စားပွဲ​၊


ခက်ရင်းခွ​များ​၊ ဇလုံ​များ​၊ ကရား​များ​အတွက် ရွှေ​စင်​များ​၊ ရွှေ​ဖလား​များ​အတွက် ရွှေ​ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဖလား​များ​အတွက် ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊


ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။


ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။


အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ်​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​။ လူမျိုး​တကာ​တို့​သည် ထိတ်လန့်တုန်လှုပ်​ကြ​ပါစေ​။ ကိုယ်တော်​သည် ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​၏​။ မြေကြီး​သည် လှုပ်ခါ​ပါစေ​။


ထို​သေတ္တာ​ပေါ်တွင် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ခေရုဗိမ်​တို့​သည် အသနားခံ​ရာ​ပလ္လင်​ကို အုပ်မိုး​ထား​ကြ​၏။ ဤ​အရာ​များ​အကြောင်း​ကို ယခု​အသေးစိတ်​ပြောပြ​၍ မ​ရ​နိုင်​ပေ။


ထို့နောက် ရှိလော​မြို့​သို့ လူ​လွှတ်​၍ ခေရုဗိမ်​အထက်​တွင် စံနေ​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ရှိလော​မြို့​မှ ယူဆောင်​လာ​စေ​၏​။ ဧလိ​၏​သား​နှစ်​ဦး​ဖြစ်​သော ဟောဖနိ​နှင့်​ဖိနဟတ်​တို့​လည်း ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​နှင့်အတူ လိုက်ပါ​လာ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ