Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 28:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ရွှေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ရွှေ​အလေးချိန်​အလိုက်​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ငွေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ငွေ​အလေးချိန်​အလိုက်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14-16 မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 အ​မှု​တော်​အ​မျိုး​မျိုး​ကို ဆောင်​ရွက်​စ​ရာ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ငွေ​ကို​လည်း​ကောင်း ချိန်၍ အပ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 28:14
5 ပူးပေါင်းရင်းမြစ်များ  

ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊


ရွှေ​ဆီမီးခုံ​များ​နှင့်​ရွှေ​မီးခွက်​များ​အတွက် ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဆီမီးခုံ​များ​အတွက်​လည်း ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊


ထို့ကြောင့် ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ရွှေ​ထည်​အတွက် ရွှေ​၊ ငွေ​ထည်​အတွက် ငွေ​၊ ကြေး​ထည်​အတွက် ကြေး​၊ သံ​ထည်​အတွက် သံ​၊ ပျဉ်ပြား​များ​အတွက် သစ်သား​၊ မဟူရာကြောင်ဝင်​ကျောက်​များ​၊ စီချယ်စရာ​ကျောက်​များ​၊ စိမ်းပြာရောင်​ကျောက်​များ​၊ ရောင်စုံ​ကျောက်​များ​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​နှင့် ကျောက်ဖြူ​အမြောက်အမြား​တို့​ကို ငါ​တတ်စွမ်း​နိုင်​သမျှ ပြင်ဆင်​ထား​ပေး​ခဲ့​ပြီ​။


ထို့ပြင် စီရင်ထုံးဖွဲ့ချက်​အတိုင်း ရွှေ​ဆီမီးခုံ​ဆယ်​ခု​ကို​လည်း သွန်းလုပ်​၍ ဗိမာန်တော်​အတွင်း ယာဘက်​ခြမ်း​တွင်​ငါး​ခု​၊ ဝဲဘက်​ခြမ်း​တွင်​ငါး​ခု ထားရှိ​၏​။


စတုတ္ထ​နေ့​တွင် ထာဝရဘုရား​၏​အိမ်​တော်​၌ ရွှေ​ငွေ​နှင့် အသုံးအဆောင်​များ​ကို ချိန်တွယ်​ပြီး ယဇ်ပုရောဟိတ်​ဥရိယ​၏​သား မေရမုတ်​လက်​သို့ ပေးအပ်​လိုက်​၏​။ ထို​နေရာ​တွင် ဖိနဟတ်​၏​သား​ဧလာဇာ​၊ လေဝိ​အမျိုး​ယေရွှာ​၏​သား ယောဇဗဒ်​နှင့် ဗိနွိ​၏​သား နောဒိ​တို့​လည်း ရှိ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ