၁ ရာဇဝင်ချုပ် 27:1 - မြန်မာ့စံမီသမ္မာကျမ်1 နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ယေရိယ၏ညီအစ်ကိုများတွင် ရဲစွမ်းသတ္တိရှိသူနှစ်ထောင့်ခုနစ်ရာရှိ၍ သူတို့သည် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးက သူတို့ကို ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို အုပ်ချုပ်စေပြီး ဘုရားသခင်၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်စေ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။