၁ ရာဇဝင်ချုပ် 26:30 - မြန်မာ့စံမီသမ္မာကျမ်30 ဟေဗြုန်အမျိုးဖြစ်သော ဟာရှဘိနှင့် ရဲစွမ်းသတ္တိရှိသော သူ့ညီအစ်ကိုတစ်ထောင့်ခုနစ်ရာတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဝန်းကျင်ရှိ အစ္စရေးလူမျိုးတို့ကို တာဝန်ယူအုပ်ချုပ်ရ၏။ သူတို့သည် ထာဝရဘုရား၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version30 ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ၾကည့္ရႈေလာ့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။