Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 26:28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 စိတ်အာရုံရသူ​ရှမွေလ​၊ ကိရှ​၏​သား​ရှောလု​၊ နေရ​၏​သား​အာဗနာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့ ဆက်ကပ်​ထား​သော​ပစ္စည်း​အားလုံး​အပါအဝင် လူ​တို့​ဆက်ကပ်​ထား​သော​ပစ္စည်း​မှန်သမျှ​တို့​ကို ရှေလောမိတ်​နှင့် သူ့​ညီအစ်ကို​တို့ စောင့်ကြပ်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

28 ပ​ရော​ဖက်​ရှ​မွေ​လ၊ ကိ​ရှ​သား ရှော​လု၊ နေ​ရ​သား အာ​ဗ​နာ၊ ဇေ​ရု​ယာ​သား ယွာ​ဘ​မှ​စ၍ အ​ခြား​သော​သူ ပူ​ဇော်​သ​မျှ​တို့​ကို၊ ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ကြည့်​ရှု​အုပ်​စိုး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 26:28
7 ပူးပေါင်းရင်းမြစ်များ  

စစ်ပွဲ​မှ​ရလာ​သော​တိုက်ရာပါပစ္စည်း​အချို့​ကို ထာဝရဘုရား​၏​အိမ်​တော်​ပြုပြင်​ရန်​အတွက် ဆက်ကပ်​ထား​၏​။


ဣဇဟာ​အမျိုး​ဖြစ်​သော ခေနနိ​နှင့်​သူ​၏​သား​များ​မူကား အိမ်​တော်​ပြင်ပ​အလုပ်​ဖြစ်​သော အစ္စရေး​လူမျိုး​တို့​ကို ကြီးကြပ်အုပ်ချုပ်​ရ​သူ​များ​၊ တရားသူကြီး​များ​အဖြစ် တာဝန်​ထမ်းဆောင်​ရ​၏​။


ထို့ပြင် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ထဲတွင်​ပေါ်လာ​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အပါအဝင် ပတ်လည်​အခန်း​များ​အားလုံး​၊ ဘုရားသခင်​အိမ်​တော်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​သိုလှောင်ရုံ စသည်​တို့​၏​ပုံစံ​များ​ကို​ပါ ပေးအပ်​လေ​၏​။


ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။


(​ရှေးယခင်​က အစ္စရေး​လူမျိုး​တို့​တွင် တစ်စုံတစ်ဦး​က ဘုရားသခင်​ထံ သွားရောက်​မေးမြန်း​လို​လျှင် “​လာ​ကြ​။ စိတ်အာရုံရသူ​ထံ သွား​ကြ​စို့​”​ဟု ဆို​လေ့​ရှိ​၏​။ ယခု ပရောဖက်​ဟု ခေါ်ဆို​သူ​ကို ယခင်က စိတ်အာရုံရသူ​ဟု ခေါ်ဆို​ကြ​၏​။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ