Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 26:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တံခါးစောင့်​အဖွဲ့​များ​တွင် ကောရ​အမျိုး​ထဲမှ အာသပ်​၏​မြေး​၊ ကောရေ​၏​သား မေရှလေမိ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​အား ခွဲ​ခန့် သတ်​မှတ်​ပေး​သည့်​တာ​ဝန်​ဝတ္တ​ရား​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ကော​ရ​ဟိ​ဆွေ​မျိုး စု​တွင်​အာ​သပ်​၏​အိမ်​ထောင်​စု​မှ​ကော​ရ​၏ သား​မေ​ရှ​လေ​မိ​ဆို​သူ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 အ​သီး​အ​သီး​သင်း​ဖွဲ့​သော တံ​ခါး​စောင့်​များ​ဟူ​မူ​ကား။ ကော​ရ​ဟိ​အ​မျိုး ဧ​ဗျာ​သပ်​အ​နွယ်၊ ကော​ရ​သား မေ​ရှ​လေ​မိ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 26:1
15 ပူးပေါင်းရင်းမြစ်များ  

ဒုတိယ​အုပ်စု​တွင် သူ​တို့​၏​ဆွေမျိုးသားချင်း​များ​ဖြစ်​သော ဇာခရိ​၊ ဗင်​၊ ယာဇေလ​၊ ရှေမိ​ရာမုတ်​၊ ယေဟေလ​၊ ဥန္နိ​၊ ဧလျာဘ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တိသိ​၊ ဧလိဖလေ​၊ မိတ်နေယ​၊ တံခါးစောင့်​ဩဗဒေဒုံ​နှင့်​ယေယေလ တို့​ကို​ခွဲခန့်​ထား​၏​။


တံခါး​ကို​စောင့်ကြပ်ရသူ အယောက်​လေး​ထောင်​၊ ချီးမွမ်းသီဆို​ဖို့ ဒါဝိဒ်​မင်းကြီး ပြုလုပ်​ထား​သော​တူရိယာ​များ​ဖြင့် ထာဝရဘုရား​ကို ချီးမွမ်းသီဆို​ရ​သူ အယောက်​လေး​ထောင် ဟူ၍​ခွဲထား​၏​။


နှစ်ဆယ့်​လေး​ယောက်​မြောက်​မဲကျသူ​မှာ ရောမန္တေဇာ​နှင့်​သူ့​သား​များ​၊ သူ့​ညီအစ်ကို​များ​အပါအဝင် တစ်ဆယ့်နှစ်​ယောက် တို့​ဖြစ်​ကြ​၏​။


မေရှလေမိ​၏​သား​များ​မှာ သားဦး​ဇာခရိ​၊ ဒုတိယ​သား ယေဒယေလ​၊ တတိယ​သား ဇေဗဒိ​၊ စတုတ္ထ​သား ယာသနေလ​၊


မေရှလေမိ​၌ ရဲစွမ်းသတ္တိ​ထက်မြက်​သော သား​များ​နှင့်​ညီအစ်ကို​ပေါင်း တစ်ဆယ့်ရှစ်​ယောက် ရှိ​၏​။


ဇေဖနိ​သည် တာဟတ်​၏​သား​၊ တာဟတ်​သည် အဿိရ​၏​သား​၊ အဿိရ​သည် ဧဗျာသပ်​၏​သား​၊ ဧဗျာသပ်​သည် ကောရ​၏​သား​၊


လေဝိ​အမျိုး​မှ မေရာရိ​သားမြေး​တွင် ဟာရှဘိ​၏​မြစ်​၊ အာဇရိကံ​၏​မြေး​၊ ဟာရှုပ်​၏​သား ရှေမာယ​၊


တစ်စုံတစ်ရာ​ကြောင့် ညစ်ညူး​သော​သူ​တို့ မ​ဝင်ရောက်​နိုင်​စေရန် ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​တွင် တံခါးစောင့်​များ​ကို ချထား​၏​။


ခမည်းတော်​ဒါဝိဒ်​မင်းကြီး စီမံ​ထား​ခဲ့​သည့်​အတိုင်း ယဇ်ပုရောဟိတ်​တို့​ကို အလှည့်ကျ တာဝန်​ခွဲဝေ​ပေး​၏​။ လေဝိ​အမျိုးသား​တို့​ကို​လည်း နေ့စဉ် ယဇ်ပုရောဟိတ်​တို့​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရ​မည့်​တာဝန်​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ရ​မည့်​တာဝန်​ကို ခွဲဝေ​ပေး​၏​။ တံခါး​တိုင်း​တွင် အလှည့်ကျ​တံခါးစောင့်​များ​ကို​လည်း ခန့်အပ်​ထား​၏​။ ဤသည်မှာ ဘုရားသခင်​၏​လူ ဒါဝိဒ်​မင်းကြီး​၏​အမိန့်​တော်​ဖြစ်​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​က သူ​တို့​လက်ထက် ရှေး​ကာလ​၌ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို အကျွန်ုပ်​တို့​အား​ပြောပြ​ကြ​၍ အကျွန်ုပ်​တို့​၏​နား​ဖြင့် ကြား​ရ​ကြ​ပါ​၏​။


လူမျိုး​အပေါင်း​တို့​၊ ဤ​အရာ​ကို​နားထောင်​ကြ​လော့​။ ကမ္ဘာလောက​၌​နေထိုင်​သူ​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​လော့​။


သူ​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​တော်​တွင် အိမ်​တော်​တံခါးစောင့်​များ​၊ အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​များ စသော အမှုထမ်း​များ​ဖြစ်​ရ​မည်​။ သူ​တို့​သည် လူ​တို့​အဖို့ မီးရှို့​ရာ​ယဇ်ကောင်​ကို​သတ်​၍ ပူဇော်​ပေး​ရ​မည်​။ လူ​တို့​ရှေ့​တွင်​ရပ်​၍ သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ