၁ ရာဇဝင်ချုပ် 24:5 - မြန်မာ့စံမီသမ္မာကျမ်5 ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 စာရေးတံပြုလျက် အသီးအခြားခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။ အခန်းကိုကြည့်ပါ။ |
ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။