Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 24:31 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 သူ​တို့​သည်​လည်း ဆွေမျိုးသားချင်း​အာရုန်​၏​သားမြေး​များ​ကဲ့သို့ပင် ဒါဝိဒ်​မင်းကြီး​၊ ဇာဒုတ်​၊ အဟိမလက်​နှင့် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​တို့​ရှေ့​တွင် ညီအစ်ကို​ကြီး​ငယ်​မ​ရွေး​မဲချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

31 မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

31 ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 24:31
7 ပူးပေါင်းရင်းမြစ်များ  

မုရှိ​၏​သား​များ​မှာ မဟာလိ​၊ ဧဒေ​၊ ယေရိမုတ် တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် လေဝိ​အမျိုးသား​များ ဖြစ်​ကြ​၏​။


သူ​တို့​သည် အကြီး​အငယ်​၊ ဆရာ​တပည့် မ​ခွဲခြား​ဘဲ မဲချ​၍ တာဝန်ယူ​ကြ​ရ​၏​။


သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အလိုက် လူကြီး​လူငယ်​မရွေး တံခါး​တစ်ခုစီ​တွင် တာဝန်ကျ​မည့်​သူ​များ​ကို​မဲချ​ခွဲဝေ​ပေး​၏​။


ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​မှစ၍ လူ​တစ်ထောင်အုပ်​၊ လူ​တစ်ရာအုပ်​၊ တရားသူကြီး​များ​၊ အစ္စရေး​တစ်ပြည်လုံး​ရှိ ခေါင်းဆောင်​များ​ဖြစ်​ကြ​သော​ဘိုးဘေး​အကြီးအမှူး​ရှိသမျှ​တို့​အား ဆင့်ခေါ်​ပြီး


သူ့​လက်​အောက်​တွင် ဧဒင်​၊ မိညာမိန်​၊ ယေရွှာ​၊ ရှေမာယ​၊ အာမရိ​၊ ရှေခနိ တို့​ရှိ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​နေ​သော​မြို့ရွာ​များ​ရှိ မိမိ​တို့​ညီအစ်ကို​တို့​ရရှိ​မည့်​ဝေစု​ကို အဖွဲ့လိုက်​ကြီးငယ်​မရွေး သစ္စာရှိ​စွာ​ခွဲဝေ​ပေး​ရ​၏​။


မဲ​ကျ​သည့်​အတိုင်း အနည်း​၊ အများ​အလိုက် အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ