Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 2:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 အဇုဘ ကွယ်လွန်​သွား​လျှင် ကာလက်​သည် ဧဖရတ်​နှင့်​စုံဖက်​၍ သား​ဟုရ​ကို​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 အ​ဇု​ဘ​သေ​သော​နောက် ဧ​ဖ​ရတ်​ကို​သိမ်း၍ ဟု​ရ​ကို မြင်​ပြန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 2:19
7 ပူးပေါင်းရင်းမြစ်များ  

ဟေဇရုံ​၏​သား​ကာလက်​က မယား​အဇုဘ​နှင့်​ယေရုတ်​အားဖြင့် သား​များ​ကို​ရ​၏​။ အဇုဘ​၏​သား​များ​မှာ ယေရှာ​၊ ရှောဗပ်​၊ အာဒုန် တို့​ဖြစ်​ကြ​၏​။


ဟုရ​သည် သား​ဥရိ​ကို​ရ​၏​။ ဥရိ​သည် သား​ဗေဇလေလ​ကို​ရ​၏​။


ဟေဇရုံ​သည် ကာလက်ဧဖရတ်​အရပ်​၌ ကွယ်လွန်​သွား​၏​။ ဟေဇရုံ​၏​မယား​အဘိယ​သည် သား​အာရှုရ​ကို မွေးဖွား​၍ သူ​သည် တေကော​၏​ဖခင် ဖြစ်​၏​။


ဤ​သူ​တို့​ကား ကာလက်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ဧဖရတ်​၏​သားဦး​ဟုရ​၏​သား​များ​ကား ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၊


ပေနွေလ​သည် ဂေဒေါ်​၏​ဖခင်​၊ ဧဇာ​သည် ဟုရှ​၏​ဖခင် ဖြစ်​၏​။ ဤ​သူ​တို့​သည် ဗက်လင်​၏​ဖခင်​၊ ဧဖရတ်​၏​သားဦး ဟုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။


ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။


“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုး​သူ​မင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ