Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 19:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သူ​တို့​သည် မေဒဘ​အနီး​၌​စခန်းချ​နေ​သော မာခါ​ဘုရင်​၏​စစ်သည်​တော်​များ​နှင့် စစ်ရထား​အစီး​သုံးသောင်း​နှစ်ထောင်​တို့​ကို ငှားရမ်း​ပြီး စစ်ချီ​လာ​ကြ​၏​။ အမ္မုန်​အမျိုးသား​တို့​က​လည်း မြို့ရွာ​တို့​မှ​စုရုံး​၍ စစ်တိုက်​ရန် ချီလာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 မြင်း​ရ​ထား​သူ​ရဲ သုံး​သောင်း​နှစ်​ထောင်​ကို​လည်း​ကောင်း၊ မာ​ခါ​မင်း​ကြီး​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း ငှား​သ​ဖြင့်၊ ထို​သူ​တို့​သည် မေ​ဒ​ဘ​မြို့​ရှေ့​မှာ တပ်​ချ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း စု​ဝေး၍ အ​မြို့​မြို့​တို့​မှ စစ်​ချီ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 19:7
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ဒါဝိဒ်​မင်းကြီး​စက်ဆုပ်ရွံရှာ​သွား​ကြောင်း​ကို အမ္မုန်​အမျိုးသား​တို့​သိ​သောအခါ အမ္မုန်​အမျိုးသား​တို့​သည် လူ​လွှတ်​၍ ဗက်ရဟောဘ​မြို့​နှင့် ဇောဘ​မြို့​မှ​ဆီးရီးယား​လူမျိုး ခြေလျင်တပ်သား အယောက်​နှစ်သောင်း​၊ မာခါ​ဘုရင်​ထံမှ လူ​တစ်ထောင်​၊ တောဘ​မြို့​မှ လူ​တစ်သောင်းနှစ်ထောင်​တို့​ကို​ငှားရမ်း​လေ​၏​။


ထို​ဘုရင်​ထံမှ စစ်ရထား​အစီး​တစ်ထောင်​၊ မြင်းစီးသူရဲ​အယောက်​ခုနစ်​ထောင်​၊ ခြေလျင်တပ်သား​အယောက်​နှစ်သောင်း​တို့​ကို သိမ်းပိုက်​လိုက်​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​အဖို့ စစ်ရထား​မြင်း​အကောင်​တစ်ရာ​ကို​ချန်ထား​ပြီး ကျန်​စစ်ရထား​မြင်း​အားလုံး​ကို တံကောက်ကြော ဖြတ်ပစ်​လေ​၏​။


ထို​သတင်း​ကို ဒါဝိဒ်​မင်းကြီး​ကြား​လျှင် ယွာဘ​နှင့် စစ်သူရဲ​တပ်​တစ်တပ်လုံး​ကို စေလွှတ်​၏​။


ထို့နောက်တွင် အီသီယိုးပီးယား​လူမျိုး​ဇေရ​သည် စစ်သည်​တစ်သန်း​၊ စစ်ရထား​သုံး​ရာ​နှင့်​ချီလာ​ပြီး မရေရှ​မြို့​သို့​ရောက်လာ​ရာ


ထိုသို့ အီဂျစ်​လူမျိုး​တို့​သည် သူ​တို့​နောက်သို့​လိုက်​ကြ​ရာ ဖာရော​မင်းကြီး​၏​မြင်း​ရထား​အပေါင်း​တို့​နှင့်တကွ မြင်းစီးသူရဲ​များ​၊ စစ်သည်​များ​သည် ပိဟဟိရုတ်​မြို့​အနီး​၊ ဗာလဇေဖုန်​မြို့​အရှေ့​၊ ပင်လယ်​အနီး​၌​စခန်းချ​နေ​သော အစ္စရေး​လူမျိုး​တို့​ကို​မီ​လေ​၏​။


မောဘ​ပြည်သား​တို့​သည် မြင့်ရာအရပ်​ရှိ အိမ်​တော်​သို့​၊ ဒိဘုန်​မြို့​သို့ တက်သွား​၍ ငိုကြွေး​ကြ​ပြီ​။ နေဗော​မြို့​၊ မေဒဘ​မြို့​အတွက် ညည်းတွားငိုကြွေး​ကြ​ပြီ​။ သူ​တို့​အားလုံး ခေါင်းတုံးတုံး​ကြ​၏​။ မုတ်ဆိတ်​ရိတ်​ကြ​၏​။


သို့သော် ငါ​တို့​သည် သူ​တို့​ကို​ပစ်ခတ်​သဖြင့် ဟေရှဘုန်​မြို့​မှ ဒိဘုန်​မြို့​တိုင်အောင် ပျက်စီး​လေ​ပြီ​။ မေဒဘ​အရပ်​မှ နောဖာ​အရပ်​တိုင်အောင် လူသူကင်းမဲ့​လေ​ပြီ​”​ဟု စပ်ဆို​ကြ​၏​။


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊


သူ​တို့​ရရှိ​သော​အမွေမြေ​ကား အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​မှစ၍ ချောင်း​အလယ်​ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်လျှောက် ဒိဘုန်​မြို့​အထိ


ထို​ဘုရင်​၌ သံ​စစ်ရထား​အစီး ကိုး​ရာ​ရှိ​၏​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို အနှစ်​နှစ်ဆယ်​ပတ်လုံး ရက်ရက်စက်စက်​ညှဉ်းဆဲ​သောကြောင့် အစ္စရေး​အမျိုးသား​တို့​က ဘုရားသခင်​ထံ အော်ဟစ်​ကြ​လေ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ