၁ ရာဇဝင်ချုပ် 19:5 - မြန်မာ့စံမီသမ္မာကျမ်5 ထိုသူတို့၏သတင်းကို ဒါဝိဒ်မင်းကြီးထံလာပြောပြကြသောအခါ လူလွှတ်၍ ကြိုဆိုစေ၏။ သူတို့သည် အကြီးအကျယ်အရှက်ခွဲခံလိုက်ရသဖြင့် ရှင်ဘုရင်က “သင်တို့မုတ်ဆိတ်ပြန်ရှည်လာသည်အထိ ဂျေရိခေါမြို့တွင်နေလော့။ နောက်မှ ပြန်လာကြလော့”ဟု မှာကြားလိုက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 သူတို့သည်အလွန်ပင်ရှက်သဖြင့်မိမိတို့ တိုင်းပြည်သို့မပြန်ဘဲနေကြ၏။ ဤအဖြစ် အပျက်ကိုဒါဝိဒ်ကြားသိသောအခါသူ တို့အား``သင်တို့သည်ယေရိခေါမြို့တွင်နေ ကြလော့။ မုတ်ဆိတ်များပြန်၍မရှည်မချင်း မိမိတို့ပြည်သို့မပြန်ခဲ့ကြနှင့်'' ဟု အကြောင်းကြားတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သောကြောင့် ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |