Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 19:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တမန်​တို့​ကို​စေလွှတ်​ပြီး ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​ရှိ​ဆီးရီးယား​လူမျိုး​တို့​ကို ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို ဦးဆောင်​လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ရှု​ရိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ သံ​တ​မန်​တို့​ကို စေ​လွှတ်၍ မြစ်​တစ်​ဖက်၌​နေ​သော ရှု​ရိ​လူ​တို့​ကို​ခေါ်​သ​ဖြင့်၊ ဟာ​ဒ​ဒေ​ဇာ​ခန့်​ထား​သော ဗိုလ်​ချုပ်​မင်း​ရှော​ဗက်​သည်​လည်း အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 19:16
7 ပူးပေါင်းရင်းမြစ်များ  

ဟာဒဒေဇာ​မင်းကြီး​သည် လူ​လွှတ်​၍​ယူဖရေးတီး​မြစ်​တစ်ဖက်ကမ်း​ရှိ ဆီးရီးယား​လူမျိုး​တို့​ကို​လည်း ခေါ်လာ​စေ​၏​။ ဟာဒဒေဇာ​မင်းကြီး​၏​စစ်သူကြီး​ရှောဗက်​သည် သူ​တို့​ကို​ဦးဆောင်​၍ ဟေလံ​မြို့​သို့​ရောက်လာ​ကြ​၏​။


ထိုသို့ ဆီးရီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​သည်​ကို အမ္မုန်​အမျိုးသား​တို့​မြင်​သောအခါ သူ​တို့​လည်း ယွာဘ​၏​ညီ​အဘိရှဲ​ရှေ့​မှ မြို့​ထဲသို့​ပြန်ပြေးဝင်​ကြ​၏​။ ထို့နောက် ယွာဘ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။


ထို​သတင်း​ကို​ဒါဝိဒ်​မင်းကြီး​ကြား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​စုဝေး​စေ​ပြီး ဂျော်ဒန်​မြစ်​ကို​ကူး​ကာ ဆီးရီးယား​လူမျိုး​တို့​ထံ ချီလာ​၍ သူ​တို့​နှင့်​မျက်နှာချင်းဆိုင်​တွင် စစ်ခင်းကျင်း​၏​။ ဆီးရီးယား​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် ဒါဝိဒ်​မင်းကြီး​စစ်ခင်းကျင်း​သောအခါ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​လေ​၏​။


တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း​။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​ကို ကြံစည်​ကြ​သနည်း​။


အချင်းလူမျိုး​တို့​၊ ဆိုးသွမ်း​ကြ​။ ပြိုကွဲ​ကြ​။ ဝေးလံ​သော​ပြည်​အပေါင်း​တို့​၊ စူးစိုက်​နားထောင်​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။ စစ်တိုက်​ဖို့​အသင့်ပြင်​ကြ​။ ပြိုကွဲ​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ