Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 18:6 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ထို​နောက်​ထို​သူ​တို့​ပိုင်​နက်​တွင်​စစ်​စ​ခန်း များ​ချ​၍​ထား​တော်​မူ​၏။ သူ​တို့​သည်​လည်း ဒါ​ဝိဒ်​မင်း​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​လျက် သူ့​အား​အ​ခွန်​ဘဏ္ဍာ​များ​ကို​ဆက် သ​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် မင်း​အား​အ​ရပ်​တ​ကာ​၌​အောင်​ပွဲ​ကို ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 18:6
8 ပူးပေါင်းရင်းမြစ်များ  

သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို​နာမည်ကြီး​ကျော်ကြား​စေ​မည်​။


ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်သိမ်းပိုက်​နိုင်​သဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ကို စစ်ကူ​လာ​သော ဒမတ်စကပ်​မြို့သား ဆီးရီးယား​လူမျိုး​တို့​ထဲမှ ဆီးရီးယား​လူမျိုး နှစ်သောင်းနှစ်ထောင်​ကို သုတ်သင်​ပစ်​ပြီး


ဒါဝိဒ်​မင်းကြီး​သည် ဟာဒဒေဇာ​မင်းကြီး​၏​အစေအပါး​တို့​ကိုင်ဆောင်​သော ရွှေ​ဒိုင်းလွှား​တို့​ကို သိမ်း​ပြီး ဂျေရုဆလင်​မြို့​သို့ ယူဆောင်​လာ​၏​။


ထာဝရဘုရား​သည် သင်​၏​သွား​ခြင်း​၊ လာ​ခြင်း​တို့​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက် စောင့်ရှောက်​တော်မူ​လိမ့်မည်​။


စစ်တိုက်​ရ​မည့်​နေ့​အတွက် မြင်း​ကို​ပြင်ဆင်​ထား​သော်လည်း အောင်ပွဲ​သည် ထာဝရဘုရား​နှင့်​ဆိုင်​၏​။


ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ