Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 18:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ဟဒေါရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 မိ​မိ​ရန်​သူ​ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည် စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ မိ​မိ​သား​ဟ​ဒေါ​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ဟ​ဒေါ​ရံ​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား အ​မျိုး​မျိုး​တို့​ကို ဆောင်​ခဲ့​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 18:10
6 ပူးပေါင်းရင်းမြစ်များ  

သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ယောရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။


ဒါဝိဒ်​မင်းကြီး​သည် ထို​ပစ္စည်း​များ​အပြင် ဧဒုံ​၊ မောဘ​၊ အမ္မုန်​၊ ဖိလိတ္တိ​၊ အာမလက် စသော​လူမျိုး​အပေါင်း​တို့​ထံမှ သိမ်းယူ​သော ရွှေ​ငွေ​တို့​ကို​လည်း ထာဝရဘုရား​ထံ ဆက်ကပ်​၏​။


ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အား ဒါဝိဒ်​မင်းကြီး​ချေမှုန်း​လိုက်​ကြောင်း​ကို ဟာမတ်​ဘုရင်​တောဣ​မင်းကြီး​ကြား​လျှင်


ရှောလမုန်​မင်းကြီး ဂုဏ်သတင်းကြီး​သည်​ကို ရှေဘ​ဘုရင်မ​ကြားသိ​သောအခါ ရှောလမုန်​မင်းကြီး​ကို စကားထာဝှက်​၍ ပညာစမ်း​ရန် ရောက်ရှိ​လာ​၏​။ သူ​သည် မြောက်မြား​စွာ​သော အမွှေးနံ့သာ​များ​၊ ရွှေ​များ​နှင့် အဖိုးတန်​ကျောက်​များ​ကို ကုလားအုတ်​များ​ပေါ်​တင်ဆောင်​လျက် နောက်လိုက်ဗိုလ်ပါ​အများအပြား​တို့​နှင့် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ရှောလမုန်​မင်းကြီး​ထံသို့​ဝင်​ကာ စိတ်​ထဲ၌​ရှိသမျှ​တို့​ကို မေးမြန်း​ပြောဆို​လေ​၏​။


ထိုအခါ ဟေဇကိ​မင်းကြီး ဖျားနာ​ရာ​မှ ပြန်လည်​ကျန်းမာ​လာ​ပြီ​ဖြစ်ကြောင်း ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​တို့​ကို ပေးပို့​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ