၁ ရာဇဝင်ချုပ် 17:23 - မြန်မာ့စံမီသမ္မာကျမ်23 အို ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 ယခုမှာ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲတည်ပါစေသော။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်လျှင် ကိုယ်တော်၏နာမတော်သည် အစဉ်တည်မြဲပြီး ကြီးမြတ်တော်မူပါလိမ့်မည်။ ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏’ဟု ဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါလိမ့်မည်။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ခမည်းတော်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ခမည်းတော်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ခမည်းတော်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။