၁ ရာဇဝင်ချုပ် 16:4 - မြန်မာ့စံမီသမ္မာကျမ်4 ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ အခန်းကိုကြည့်ပါ။ |
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။