Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 16:39 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် သူ​၏​ဆွေမျိုးသားချင်း​ယဇ်ပုရောဟိတ်​တို့​ကို ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​ရှိ ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် နေရာ​ချထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

39 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​သူ​၏​အ​ဖော်​ယဇ် ပု​ရော​ဟိတ်​များ​မူ​ကား ဂိ​ဗောင်​၌​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တွင် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

39-40 မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နေ့​ရက်​အ​စဉ် အ​တိုင်း၊ နံ​နက်​တစ်​ခါ ညဥ့်​ဦး​တစ်​ခါ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ၊ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား တဲ​တော်​ရှေ့​တွင်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် သူ၏​ညီ ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 16:39
8 ပူးပေါင်းရင်းမြစ်များ  

အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား အဟိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊


သို့သော် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​၏​သား​ဗေနာယ​၊ ပရောဖက်​နာသန်​၊ ရှိမိ​၊ ရေဣ​နှင့် ဒါဝိဒ်​မင်းကြီး​၏​စစ်သူရဲ​တို့​ကား အဒေါနိယ​ဘက်​၌ မ​နေ​ကြ​ပေ​။


ဂိဗောင်​မြို့​သည် အရေးပါ​သော​အထွတ်အမြတ်​ထား​ရာ​နေရာ​တစ်​ခု ဖြစ်​၏​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ယဇ်ပူဇော်​ရန် ထို​နေရာ​သို့​သွား​၍ ယဇ်ပလ္လင်​ပေါ်တွင် ယဇ်ကောင်​တစ်ထောင်​ကို မီးရှို့​ပူဇော်​၏​။


ရဲစွမ်းသတ္တိ​ထက်မြက်​သော​လူငယ် ဇာဒုတ်​နှင့် သူ့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး နှစ်ဆယ့်​နှစ်​ယောက်​၊


ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့်​အဗျာသာ​၊ လေဝိ​အမျိုး ဥရေလ​၊ အသာယ​၊ ယောလ​၊ ရှေမာယ​၊ ဧလျေလ​၊ အမိနဒပ်​တို့​ကို ခေါ်​ပြီး


ထိုစဉ်က တောကန္တာရ​တွင် မောရှေ​ဆောက်လုပ်​ခဲ့​သော ထာဝရဘုရား​၏​တဲ​တော်​နှင့်​မီးရှို့​ရာ​ယဇ်ပလ္လင်​တို့​သည် ဂိဗောင်​မြို့​ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တွင် ရှိ​နေ​၏​။


ထို့နောက် ရှောလမုန်​မင်းကြီး​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ရှိ​ရာ ဂိဗောင်​မြို့​၊ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​မှ ဂျေရုဆလင်​မြို့​သို့ ပြန်လာ​၏​။ ထို့နောက် အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ