Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 16:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ဘုန်းအသရေ​တော်​အကြောင်း​ကို လူမျိုးခြား​တို့​အား​လည်းကောင်း​၊ အံ့ဖွယ်​သော​အမှု​တော်​တို့​ကို လူမျိုး​အပေါင်း​တို့​အား​လည်းကောင်း ပြောကြား​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 16:24
9 ပူးပေါင်းရင်းမြစ်များ  

အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကယ်တင်​ခြင်း​အကြောင်း​ကို နေ့ရက်​အစဉ်​ဟောပြော​ကြ​လော့​။


အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​။ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်း​လှ​၏​။


ကိုယ်တော်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ကြ​လော့​။


ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​ကို​လွှင့်​၍ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။


သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ဖုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ