Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 15:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထို့နောက် ထာဝရဘုရား​က မောရှေ​အား မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်းပိုး​တို့​နှင့် ပခုံး​ပေါ်​တင်ထမ်း​ကာ သယ်ဆောင်​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 15:15
12 ပူးပေါင်းရင်းမြစ်များ  

“​ဘုရားသခင်​၏​သေတ္တာ​တော်​ကြောင့် ဩဗဒေဒုံ​၏​အိမ်သူအိမ်သား​တို့​နှင့်တကွ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​ပြီ​”​ဟု ဒါဝိဒ်​မင်းကြီး​အား ကြားပြော​ကြ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သွား​၍ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဩဗဒေဒုံ​၏​အိမ်​မှ ဒါဝိဒ်​မြို့​သို့ ဝမ်းမြောက်​စွာ သယ်ဆောင်​လာ​လေ​၏​။


ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။


ထမ်းပိုး​တော်​တို့​သည် ရှည်​လွန်း​သဖြင့် ထမ်းပိုး​အစွန်းပိုင်း​ကို အပြင်​မှ​မ​မြင်​ရ​သော်လည်း အတွင်းခန်း​ရှိ​သန့်ရှင်းရာဌာန​မှ လှမ်းမြင်​ရ​၏​။ ယနေ့​ထိတိုင် ထမ်းပိုး​များ ထို​နေရာ​တွင် ရှိ​နေ​၏​။


ဤသို့ ဩဇ​သည် သေတ္တာ​တော်​ကို လှမ်းထိန်း​လိုက်​မိ​ရာ ထာဝရဘုရား​သည် သူ့​အား​အမျက်ထွက်​တော်မူ​ပြီး ဒဏ်ခတ်​တော်မူ​သောကြောင့် သူ​သည် ဘုရားသခင်​ရှေ့​တွင်​ပင် သေ​လေ​၏​။


သေတ္တာ​တော်​ထမ်းပိုး​တို့​သည် ရှည်​လွန်း​သဖြင့် ထမ်းပိုး​အစွန်းပိုင်း​ကို အပြင်​မှ​မ​မြင်​ရ​သော်လည်း သန့်ရှင်းရာဌာန​မှ လှမ်းမြင်​ရ​၏​။ ယနေ့​ထိတိုင် ထမ်းပိုး​များ ထို​နေရာ​တွင် ရှိ​နေ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်သေခံချက်​ကို​ယူ​၍ သေတ္တာ​ထဲ​ထည့်​၏​။ သေတ္တာ​ကွင်း​၌ ထမ်းပိုး​များ​ကို​လျှို​၍ သေတ္တာ​ပေါ်၌ ကရုဏာ​တော်​ပလ္လင်​ကို​တင်​၏​။


တပ်စခန်း​ရွှေ့ပြောင်း​ချိန်​ရောက်​၍ အာရုန်​နှင့် သူ​၏​သား​တို့​သည် သန့်ရှင်းရာဌာန​နှင့် သန့်ရှင်းရာဌာန​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို ဖုံးအုပ်​ပြီး​နောက်တွင် ကောဟတ်​သားမြေး​တို့​သည် ၎င်း​တို့​ကို လာ​၍​သယ်ဆောင်​ရ​မည်​။ သူ​တို့​သည် သန့်ရှင်းသောအရာ​ကို မ​ထိ​ရ​။ ထိမိ​လျှင် သေ​ကြ​ရ​လိမ့်မည်​။ ဤသည်ကား တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့ ဆောင်ရွက်​ရ​သော​အမှု​ဖြစ်​၏​။


ကောဟတ်​သားမြေး​တို့​ကို​မူကား မ​ပေးအပ်​ချေ​။ အကြောင်းမှာ သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တာဝန်ယူ​ရ​၍ ၎င်း​တို့​ကို ပခုံး​ဖြင့် ထမ်း​ရ​သောကြောင့်​ဖြစ်​၏​။


ထို​အချိန်​၌ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​ရန်​၊ ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​လျက် အမှု​တော်​ဆောင်ရွက်​ရန်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် ကောင်းချီးပေး​ရန် ထာဝရဘုရား​သည် လေဝိ​အမျိုး​တို့​ကို သီးခြားခွဲထား​သည်​မှာ ယနေ့​ထိတိုင် ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ