၁ ရာဇဝင်ချုပ် 14:8 - မြန်မာ့စံမီသမ္မာကျမ်8 ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် သူတို့နှင့် တိုက်ဖို့ ထွက်လာ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ဣသရေလနိုင်ငံတော်တစ်ဝှမ်းလုံးမှဒါဝိဒ် အားမင်းမြှောက်လိုက်ကြကြောင်း ဖိလိတ္တိအမျိုး သားတို့ကြားသိကြသောအခါ ဒါဝိဒ်ကိုဖမ်း ဆီးရန်တပ်ချီလာကြ၏။ သို့ဖြစ်၍ဒါဝိဒ် သည်ထိုသူတို့နှင့်ရင်ဆိုင်ရန်ထွက်ခွာလာခဲ့၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။