၁ ရာဇဝင်ချုပ် 14:11 - မြန်မာ့စံမီသမ္မာကျမ်11 ဒါဝိဒ်မင်းကြီးသည် ဗာလပေရဇိမ်အရပ်သို့ ချီတက်၍ ထိုနေရာတွင် သူတို့ကို တိုက်ခိုက်လေ၏။ ဒါဝိဒ်မင်းကြီးက “ထာဝရဘုရားသည် ငါ့ရန်သူကို ရေကာတာကျိုးပေါက်ပျက်စီးသွားသကဲ့သို့ ငါ့လက်ဖြင့် ပျက်စီးစေလေပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုနေရာကို ဗာလပေရဇိမ် ဟုအမည်မှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။ အခန်းကိုကြည့်ပါ။ |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။