၁ ရာဇဝင်ချုပ် 13:10 - မြန်မာ့စံမီသမ္မာကျမ်10 ဤသို့ ဩဇသည် သေတ္တာတော်ကို လှမ်းထိန်းလိုက်မိရာ ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူပြီး ဒဏ်ခတ်တော်မူသောကြောင့် သူသည် ဘုရားသခင်ရှေ့တွင်ပင် သေလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 ထိုသို့ သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။