၁ ရာဇဝင်ချုပ် 11:6 - မြန်မာ့စံမီသမ္မာကျမ်6 ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံသောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသား ယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။