Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 11:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့​တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 အ​ထူး​သ​ဖြင့် ပြု​ဖူး​သော​ကပ်​ဇေ​လ​မြို့​သား၊ သူ​ရဲ​ယော​ယ​ဒ၏​သား​ဗေ​နာ​ယ​သည်​လည်း ခြင်္သေ့​နှင့်​တူ​သော မော​ဘ​လူ​နှစ်​ယောက်​ကို သတ်၏။ ဆောင်း​ကာ​လ၌​လည်း၊ အ​ခြား​သို့​သွား၍ မြေ​တွင်း၌​ရှိ​သော ခြင်္သေ့​ကို​သတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 11:22
15 ပူးပေါင်းရင်းမြစ်များ  

လင်းယုန်ငှက်​ထက် လျင်မြန်​ပြီး ခြင်္သေ့​ထက် ခွန်အားကြီး​သော​၊ ချစ်ခင်​နှစ်သက်​ရ​ပါ​သော ရှောလု​နှင့် ယောနသန်​တို့​သည် ရှင်​အတူ သေ​မ​ကွာ​ပါ​တကား​။


ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊


ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား နန်းတွင်းအရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။


ထို့နောက် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ပရောဖက်​နာသန်​၊ ယောယဒ​၏​သား ဗေနာယ​တို့​အပါအဝင် ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​သည် ရှောလမုန်​ကို ဒါဝိဒ်​မင်းကြီး​၏​လား​ပေါ်​တင်​၍ ဂိဟုန်​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။


သို့သော် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​၏​သား​ဗေနာယ​၊ ပရောဖက်​နာသန်​၊ ရှိမိ​၊ ရေဣ​နှင့် ဒါဝိဒ်​မင်းကြီး​၏​စစ်သူရဲ​တို့​ကား အဒေါနိယ​ဘက်​၌ မ​နေ​ကြ​ပေ​။


ဗေနာယ​သည် ထာဝရဘုရား​၏​တဲ​တော်​အတွင်း​သို့ ဝင်သွား​ပြီး ယွာဘ​အား “​ရှင်ဘုရင် အမိန့်​တော်​ရှိ​၏​။ ထွက်လာ​ပါ​”​ဟု ဆို​လျှင် ယွာဘ​က “​မ​ထွက်​ပါ​။ ဤ​နေရာ​၌​သာ အသေခံ​မည်​”​ဟု ပြန်ဖြေ​သဖြင့် ဗေနာယ​က “​ယွာဘ ဤသို့​ပြော​ပါ​ပြီ​။ ဤသို့​ပြန်ဖြေ​ပါ​ပြီ​”​ဟု ရှင်ဘုရင်​ထံ အကြောင်းပြန်​၏​။


သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် နှစ်ဆ​အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။


ရဲစွမ်းသတ္တိ​ထက်မြက်​သော​လူငယ် ဇာဒုတ်​နှင့် သူ့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး နှစ်ဆယ့်​နှစ်​ယောက်​၊


ဂဒ်​အမျိုး​အချို့​တို့​သည် တောကန္တာရ​ရှိ ဒါဝိဒ်​မင်းကြီး​ခိုလှုံ​ရာ​နေရာ​သို့ လာရောက်​ပူးပေါင်း​ကြ​၏​။ သူ​တို့​သည် ဒိုင်းလွှား​၊ လှံ​တို့​ကို ကိုင်ဆောင်​နိုင်​ပြီး ရဲစွမ်းသတ္တိ​ရှိ​၍ စစ်ရေးလေ့ကျင့်​ထား​သော​သူ​များ​၊ ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​မျက်နှာ​ရှိ​၍ တောင်​ပေါ်​သမင်​ကဲ့သို့ လျင်မြန်​သူ​များ ဖြစ်​ကြ​၏​။


ယုဒ​အမျိုးအနွယ်​ပိုင်​သော​မြို့​များ​ကား တောင်ဘက်​စွန်း ဧဒုံ​နယ်စပ်​ရှိ​မြို့​များ​ဖြစ်​သော ကပ်ဇေလ​မြို့​၊ ဧဒေ​မြို့​၊ ယာဂုရ​မြို့​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ