Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 11:17 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ဒါ​ဝိဒ်​က​လည်း တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဗက်​လင်​မြို့​တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်၍ ငါ့​အား​ပေး​ပါ​စေ​သော​ဟု တောင့်​တ​သော​စိတ်​နှင့် ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 11:17
11 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​မြို့စောင့်တပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။


ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူဆောင်​လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက်


အကျွန်ုပ်​သည် ကိုယ်တော်​ထံသို့ အကျွန်ုပ်​လက်​ကို​ဆန့်​ပါ​၏​။ မွတ်သိပ်​သော​မြေ​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။(​စေလာ)


ငါ့​ကို ခံတပ်​မြို့​သို့ မည်သူ​ခေါ်ဆောင်​သွား​မည်နည်း​။ ငါ့​ကို​ဧဒုံ​ပြည်​သို့ မည်သူ​ပို့ဆောင်​ပေး​မည်နည်း​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ကြိုးစား​၍​ရှာ​ပါ​၏​။ ရေ​မ​ရှိ​၊ ခြောက်သွေ့​ကွဲအက်​သော​မြေ​၌ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​ဆာငတ်​ပါ​၏​။ အကျွန်ုပ်​၏​သွေးသား​သည်​လည်း ကိုယ်တော်​ကို​တမ်းတ​ပါ​၏​။


သင်​တို့​သည် ကယ်တင်​ခြင်း​စမ်းရေတွင်း​များ​မှ​ရေ​ကို ဝမ်းမြောက်​စွာ ခပ်ယူ​ကြ​လိမ့်မည်​။


ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ