၁ ရာဇဝင်ချုပ် 11:11 - မြန်မာ့စံမီသမ္မာကျမ်11 ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 ဟခမောနိအမျိုး ယာရှောဗံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်မင်းကြီး၊ အကျွန်ုပ်တို့ကို အရှင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။