၁ ရာဇဝင်ချုပ် 10:6 - မြန်မာ့စံမီသမ္မာကျမ်6 ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ထိုသို့ ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။