၁ ရာဇဝင်ချုပ် 10:1 - မြန်မာ့စံမီသမ္မာကျမ်1 တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။