Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 1:36 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖိ​၊ ဂါတံ​၊ ကေနတ်​၊ တိမန​နှင့်​အာမလက် တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 ဧ​လိ​ဖတ်​သည် တေ​မန်၊ သြ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်၊ တိ​မ​န​နှင့်​အာ​မ​လက်​အ​နွယ်​တို့​၏ ဘိုး​ဘေး​ဖြစ်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

36 ဧ​လိ​ဖတ်​သား​ကား တေ​မန်၊ ဩ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်​မှ​စ၍ တိ​မ​န​တွင် ရ​သော​သား အာ​မ​လက်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 1:36
9 ပူးပေါင်းရင်းမြစ်များ  

ဧသော​၏​သား​များ​မှာ ဧလိဖတ်​၊ ရွေလ​၊ ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ဖြစ်​ကြ​၏​။


ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​နှင့်​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။


သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊


ထို့ကြောင့် ဧဒုံ​ပြည်​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ တေမန်​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် ကိုယ့်​ကြောင့် ကိုယ့်​စားကျက်မြေ ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​တေမန်​မြို့​၌ ပညာရှိ မ​ရှိ​တော့​သလော​။ အသိဉာဏ်​ရှိ​သော​သူ​တို့​သည် အကြံ​မ​ပေး​နိုင်​တော့​သလော​။ သူ​တို့ ဉာဏ်ပညာမဲ့​ကြ​ပြီ​လော​။


ထို့ကြောင့် ငါ​သည် တေမန်​မြို့​အပေါ် မီး​ကို​လွှတ်​၍ ဗောဇရ​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို တေမန်​မြို့​၊ သင်​၏​စစ်သူရဲ​တို့ စိတ်ပျက်အားလျော့​ကြ​သောကြောင့် ဧသော​တောင်​ရှိ​လူ​အားလုံး သတ်ဖြတ်​သုတ်သင်​ခြင်း​ခံရ​လိမ့်မည်​။


ဘုရားသခင်​သည် တေမန်​မြို့​မှ ကြွလာ​တော်မူ​၏​။ သန့်ရှင်း​တော်မူ​သော​အရှင်​သည် ပါရန်​တောင်​မှ ကြွလာ​တော်မူ​၏​။ ကိုယ်တော်​၏​ဘုန်း​တော်​သည် ကောင်းကင်​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​၍ ဂုဏ်တော်ချီးမွမ်းသံ​သည်​လည်း မြေ​တစ်ပြင်လုံး ပျံ့နှံ့​လေ​၏​။ (စေလာ)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ