Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 1:1 - Myanmar Common Language Zawgyi Version

1 ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဒါရိ​မင်းကြီး​နန်းစံ ဒုတိယ​နှစ်​၊ အဋ္ဌမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဣဒေါ​၏​မြေး​၊ ဗေရခိ​၏​သား ပရောဖက်​ဇာခရိ​ထံသို့​ရောက်လာ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ အ​ဋ္ဌ​မ​လ​တွင်၊ ဣ​ဒေါ​သား ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 1:1
17 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ သည်။-


ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက် ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-


ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။-


ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ဆ​ဋ္ဌ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌ စ​တင်​ဆောင်​ရွက်​ကြ​လေ​သည်။


ဟု​မိန့်​တော်​မူ​ပြီး​နောက်​ပ​ရော​ဖက်​ဟ္ဂဲ​မှ တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် က​ပြည်​သူ​တို့​အား၊-


ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။


ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊-


ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဤ​သို့​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-


ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​စ​တုတ္ထ​နှစ် ခိ​သ​လု​နာ​မည်​တွင်​သော န​ဝ​မ​လ၊ လေး ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။


ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ