Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သီချင်း 7:8 - Myanmar Common Language Zawgyi Version

8 ငါသည်စွန်ပလွံပင်ကိုတက်၍အသီးများကို ဆွတ်ခူးပါမည်။ သင်၏ရင်သားတို့သည် စပျစ်သီးခိုင်နှင့်လည်းကောင်း၊ သင်ရှူထုတ်သောလေသည်သစ်သော့သီး ရနံ့နှင့်လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ‘ငါ​သည် စွန်ပလွံပင်​ပေါ်​တက်​ပြီး အကိုင်း​ကို​ကိုင်​မည်’​ဟု ငါ​ဆို​၏​။ သင့်​ရင်သား​တို့​သည် စပျစ်သီးခိုင်​ကဲ့သို့​၊ သင်​အသက်ရှူထုတ်​သော​လေ​သည် ပန်းသီးရနံ့​ကဲ့သို့ ဖြစ်​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 စွန်​ပ​လွံ​ပင်​ကို ငါ​တက်​မည်၊ အ​ကိုင်း​အ​ခက်​တို့​ကို ကိုင်​မည်​ဟု ငါ​ဆို​သော်၊ တစ်​ဖန် သင်၏​ရင်​သား​တို့​သည် စ​ပျစ်​သီး​ပြွတ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​ရှူ​သော​အ​သက်​အ​နံ့​သည် ရှောက်​ချို​သီး​အ​နံ့​ကဲ့​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သီချင်း 7:8
10 ပူးပေါင်းရင်းမြစ်များ  

အရှင်လိမ်းကျံသောဆီသည်မွှေးကြိုင်လျက်နေပါ၏။ အရှင်၏အမည်ကထိုရနံ့ကိုပြန်လည် သတိရစေပါ၏။ အဘယ်အမျိုးသမီးမျှအရှင့်အား မချစ်ဘဲမနေနိုင်ပါ။


ကျွန်မ၏အချစ်ဆုံးမောင်တော်ကို အခြားအမျိုးသားများနှင့် နှိုင်းယှဉ်ကြည့်ပါက၊ သူသည်သစ်တောတွင်းသစ်ပင်များအလယ်တွင် ပေါက်သောသစ်သော့ပင်နှင့်တူပါ၏။ ကျွန်မသည်ထိုသခင်၏အရိပ်နားတွင်နားနေရန် နှစ်သက်ပါ၏။ ယင်း၏အသီးကိုစားရသည်မှာအရသာရှိပါ၏။


ကျွန်မသည်ချစ်စိတ်ကြောင့်နွမ်းနယ်နေပါ၏။ သူသည်ကျွန်မအားစပျစ်သီးခြောက်များကို ကျွေး၍အားဖြည့်ပေးပါ၏။ သစ်သော့သီးများကိုကျွေး၍လန်းဆန်းစေပါ၏။


အချင်းမြောက်လေ၊ နိုးထပါလော့။ အချင်းတောင်လေ၊ ငါ၏ဥယျာဉ်သို့တိုက်ခတ်လျက်၊ မွှေးကြိုင်သောရနံ့ကိုပျံ့လှိုင်စေပါလော့။ ငါ၏ချစ်သူမောင်တော်သည် မိမိ၏ ဥယျာဉ်တော်သို့ဝင်၍ လက်ရွေးစင်ချိုမြိန်သောအသီးတို့ကို စားတော်မူပါစေ။


သင်ည်စွန်ပလွံပင်ကဲ့သို့ခန့်ညားတင့်တယ်လျက် သင်၏ရင်သားတို့သည် စွန်ပလွံသီးပြွတ်နှင့်တူပါ၏။


သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။


စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည် ညှိုး​နွမ်း ခြောက်​သွေ့​ကြ​လေ​ပြီ။ သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍ သေ​ကြ​လေ​ကုန်​ပြီ။ လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ