သီချင်း 6:9 - Myanmar Common Language Zawgyi Version9 သို့သော်ငါ့မှာချစ်သူတစ်ဦးတည်းသာရှိ၍ သူသည်ချိုးငှက်ကဲ့သို့မြတ်နိုးဖွယ်ကောင်းပါ၏။ သူသည်မိခင်၏တစ်ဦးတည်းသောသမီး အချစ်ဆုံးသောသမီးဖြစ်ပါ၏။ အမျိုးသမီးအပေါင်းတို့သည် သူ့ကိုကြည့်၍ ချီးကျူးကြပါ၏။ မိဖုရားများ၊ မောင်းမမိဿံများသည် သူ၏ဂုဏ်ကိုချီးကျူးသီဆိုကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ တစ်ဦးတည်းသာရှိပါ၏။ သူ့မိခင်အဖို့ သူသည် တစ်ဦးတည်းသောသမီး၊ သူ့ကိုမွေးသောမိခင်အဖို့ သူသည် အနှစ်သက်ဆုံးသောသမီးဖြစ်၏။ မိန်းမပျိုတို့သည် သူ့ကိုမြင်လျှင် မင်္ဂလာရှိသောသူ ဟုခေါ်ကြ၏။ မိဖုရားများ၊ မောင်းမများလည်း သူ့ကိုချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တစ်ပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည် သူ့ကိုမြင်၍ ကောင်းချီးပေးကြ၏။ မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဓားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။