Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သီချင်း 5:9 - Myanmar Common Language Zawgyi Version

9 အမျိုးသမီးတကာတို့၏အလှဘုရင်မ၊ သင့်ချစ်သူမောင်တော်သည်အခြားသူတို့နှင့် အဘယ်သို့ကွာခြားပါသနည်း။ သင့်အားကျွန်မတို့ကတိပေးရလောက်အောင် သင့်ချစ်သူသည်အဘယ်မျှအံ့ဩဖွယ် ကောင်းပါသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 “​မိန်းမ​တကာ​တို့​ထက် အဆင်းလှ​သော​မိန်းကလေး​၊ သင့်​ချစ်သူ​သည် အခြားသူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။ သင်​သည် အကျွန်ုပ်​တို့​ကို ကျိန်ဆို​စေ​ရ​လောက်အောင် သင့်​ချစ်သူ​သည် အခြား​သူ​တို့​၏​ချစ်သူ​ထက် မည်မျှ​သာ​သနည်း​။”

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




သီချင်း 5:9
11 ပူးပေါင်းရင်းမြစ်များ  

မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။


အို ဘု​ရား​သ​ခင်​၏​မြို့​တော်၊ သင်​၏​အ​ကြောင်း​ကိုယ်​တော်​ယ​ခု​မိန့်​တော် မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​နား​ထောင်​လော့။


ချစ်စရာအကောင်းဆုံးအမျိုးသမီး၊ ထိုအရပ်ကို သင်မသိပါလျှင် သိုးအုပ်နောက်သို့လိုက်၍ သိုးထိန်းတို့၏ တဲရှင်များအနီးတွင် သင်၏ဆိတ်တို့အတွက် စားကျက်ကိုရှာပါလော့။


ယေရုရှလင်မြို့သူတို့၊ ကျွန်မတို့ချစ်ခြင်းမေတ္တာကို အနှောင့်အယှက်မပေးပါဟုကတိပြုကြလော့။ လျင်မြန်သည့်သမင်ဒရယ်တို့ကိုတိုင်တည်၍ ကျိန်ဆိုကြ​လော့။


အမျိုးသမီးတကာတို့၏အလှဘုရင်မ သင့်ချစ်သူမောင်တော်သည်အဘယ်အရပ်သို့ သွားပါသနည်း။ သူသည်အဘယ်လမ်းသို့သွားပါသနည်း။ သင်နှင့်အတူဝိုင်း၍ရှာပေးနိုင်ရန် ကျွန်မတို့အားပြောကြားပါလော့။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အား သွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။ မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။


ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ဝင်​သော​အ​ခါ တစ်​မြို့​လုံး​အုတ်​အုတ်​သဲ​သဲ​ဖြစ်​ပြီး​လျှင် လူ​တို့ က ``ဤ​သူ​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း ကြ​၏။


နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ