သီချင်း 5:2 - Myanmar Common Language Zawgyi Version2 ကျွန်မသည် အိပ်ပျော်နေသော်လည်း ကျွန်မ၏စိတ်နှလုံးသည်နိုးထလျက်နေပါ၏။ အိပ်မက်ထဲတွင်ချစ်သူမောင်တော် တံခါးခေါက်သံကြားပါ၏။ ငါ၏အသဲစွဲချစ်သူ၊ ငါ၏ချိုးငှက်၊ အပြစ်ကင်းသူ၊ ငါ၏ချစ်နှမ၊ ငါ့အားဝင်ခွင့်ပြုပါလော့။ ငါ၏ဦးခေါင်းသည်နှင်းနှင့်လည်းကောင်း၊ ငါ၏ဆံပင်သည်နှင်းပေါက်နှင့်လည်းကောင်း၊ စိုစွတ်လျက်နေပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 “အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာသခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်လည်းကောင်း၊ ငါ့ဆံပင်သည် ည၌ကျတတ်သော နှင်းစက်များနှင့်လည်းကောင်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။ အခန်းကိုကြည့်ပါ။ |