Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သီချင်း 2:16 - Myanmar Common Language Zawgyi Version

16-17 ကျွန်မ၏ချစ်သူကိုကျွန်မပိုင်၍၊ ကျွန်မကိုလည်း ချစ်သူကပိုင်ပါ၏။ သူသည်နံနက်လေပြေတိုက်ခတ်၍ မှောင်မိုက်ပျောက်လွင့်သွားချိန်တိုင်အောင် မိမိ၏သိုးစုအား၊ နှင်းပန်းတောတွင် ကျက်စားစေတော်မူ၏။ ကျွန်မ၏အသဲစွဲချစ်သူအရှင်သခင်သည် သမင်ဖိုကဲ့သို့လည်းကောင်း ဗေသာတောင်ရိုးများပေါ်ကဆတ်ထီးပျို ကဲ့သို့လည်းကောင်း၊ ပြန်ကြွ​တော်မူပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 “​အကျွန်ုပ်​ချစ်သူ​ကို အကျွန်ုပ်​ပိုင်​ပါ​၏​။ အကျွန်ုပ်​ကို​လည်း အကျွန်ုပ်​ချစ်သူ ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ငါ​ချစ်​ရာ​သ​ခင်​ကို ငါ​ဆိုင်​ပေ၏။ ငါ့​ကို​လည်း သ​ခင်​ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သီချင်း 2:16
15 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။


ကျွန်မ၏ချစ်သူမောင်တော်၊ အရှင်၏သိုးစုအားအဘယ်အရပ်တွင် ထိန်းကျောင်းမည်ကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အဘယ်အရပ်တွင် နားစေမည်ကိုလည်းကောင်း၊ ကျွန်မအားပြောပြပါလော့။ ကျွန်မသည် အဘယ်ကြောင့်အရှင့်အား အခြားသိုးထိန်းတို့၏သိုးစုများတွင် ရှာဖွေရပါမည်နည်း။


ကျွန်မသည် ရှာရုန်လွင်ပြင်တွင်ပေါက်သည့် တောပန်းပွင့်၊ တောင်ချိုင့်ဝှမ်းတွင်ပေါက်သည့် နှင်းပွင့်မျှသာဖြစ်ပါ၏။


သင်၏ရင်သားများသည်လည်း နှင်းပန်းတောတွင်ကျက်စားလျက်နေသည့် သမင်နှစ်ကောင်နှင့်လည်းကောင်း ဒရယ်အမွှာညီနောင်နှင့်လည်းကောင်းတူပါ၏။


ကျွန်မ၏ချစ်သူမောင်တော်သည် သစ်ဆီမွှေးပင်များ​ပေါက်ရာသူ၏ဥယျာဉ်သို့ သွား​တော်မူပါသည်။ သူသည်မိမိသိုးအုပ်စုကို ဥယျာဉ်ထဲတွင် ကျက်စားစေ၍နှင်းပန်းပွင့်များကို ဆွတ်ခူးလျက်နေပါ၏။


ကျွန်မ၏ချစ်သူမောင်တော်ကိုကျွန်မပိုင်၍ ကျွန်မကိုသူပိုင်ပါ၏။ သူသည်မိမိသိုးအုပ်စုကိုနှင်းပန်းပင်​တောတွင် ကျက်စားစေတတ်ပါ၏။


ကျွန်မ၏ချစ်သူမောင်တော်သည် ကျွန်မကိုပိုင်ပါ၏။ သူသည်ကျွန်မကိုတမ်းတလျက်နေပါ၏။


ကျွန်မ၏အသဲစွဲချစ်သူမောင်တော်၊ လာခဲ့ပါလော့။ လယ်ကွင်းများထဲသို့၊ သွားကြပါစို့။ ကျေးရွာများတွင် ညအခါတည်းခိုကြပါစို့။


ပီယဆေးသီးများ၏ရနံ့ကိုမောင်တော်ရရှိနိုင်ပါ၏။ ကျွန်မတို့အခန်းတံခါးအနီးတွင်ချိုမြိန်သော သစ်သီးမျိုးစုံရှိပါ၏။ အသည်းစွဲချစ်သူမောင်တော်၊ ကျွန်မသည် မောင်တော်အတွက်သစ်သီးမျိုးစုံကို သိုမှီးထားပါ၏။


သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-


``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ